မကွေး ဒီဇင်ဘာ ၂၃
မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့် ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်း ကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ဒီဇင်ဘာလ ၂၃ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အဖွဲ့ဝင် ဝန်ကြီး များနှင့် အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြီ၊ ဆီ(၁)ပိဿာ တို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေး ဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာန အသီးသီးနဲ့ ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံပေး လျက်ရှိကြောင်းနှင့် အားပေးစကားများ ပြောကြားကာ၊ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား တစ်ဦးလျှင် ဆန်(၃)ပြီ၊ ဆီ(၁)ပိဿာတို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှု အားပေးသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် အတွက် အခမဲ့ဆေးကုသခြင်း အစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမဲ့ဆေးကုသမှုကို အထူးကု ဆရာဝန်ကြီးများပါဝင်သည့် မျက်စိအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာ ဝန်ကြီးများမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအပြင် ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းကို မကွေးမြို့နယ်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် လစဉ်ပင်စင်ထုတ်ရက်များ အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြေခံစားသောက်ကုန်များကိုလည်း ဆက်လက်ပြီး ပိုမိုထောက်ပံ့ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။