မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်လံမြိုနယ် ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်လံမြိုနယ် ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး ဒီဇင်ဘာ  ၃၁

          (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မကွေးတိုင်း ဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြိုနယ်၊ ကသစ်ကန်နယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့က အဆိုပါမီးသတ်စခန်းသစ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖ များ၊ မီးသတ်တပ်ဖွဲဝင်များ တက်ရောက်သည်။

          ဦးစွာ နယ်မြေမီးသတ်စခန်းသစ်နှင့်ပတ်သက်သည့် အချက်အလက်များအား ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လွဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်က လက်ခံရယူခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားမှ အိုးစည်၊ ဒိုးပတ် အဖွဲ့များနှင့် တိုင်းရင်းသား ကလေးငယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေး အပ်ကာ၊ နယ်မြေမီးသတ် စခန်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

          ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုဖွင့်လှစ်သည့် နယ်မြေမီးသတ်စခန်းဟာ အောင်လံမြိုနယ်၊ ကသစ်ကန်ကျေးရွာနှင့် အနီးတစ်ဝိုက် မှာ ရှိသည့် ကျေးရွာများမှ ပြည်သူတွေအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့ အကျိုးပြု ဆောင်ရွက်ရေးစတဲ့ လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို ရည်ရွယ်ကာ တည်ဆောက်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်သည့် အတွက် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံ/ အလုပ်ရုံ၊ အလုပ်ဌာန၊ ရုံးတွေနဲ့ ဟိုတယ်၊ မိုတယ်များ စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းနဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းများကို သန္ဓေ/အရန်မီးသတ်တပ်ဖွဲဝင်များအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲများ ဖြင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ ဈေးများ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်ရုံ၊ အလုပ်ရုံများရဲ့ မီးဘေးလုံခြုံရေးကို စစ်ဆေးဆောင်ရွက်ခဲ့သည့် အပြင် မီးဘေးစိုးရိမ် ရသည့်ရပ်ကွက်၊ ကျေးရွာများကိုလည်း တစ်အိမ်တက်ဆင်းသွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ် ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေနဲ့လည်း ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် မီးသုံးစွဲရာမှာ ယခင်ကထက် ပိုမိုသတိပြုသုံးစွဲကြ ရန်နှင့် စနစ်တကျ အသိတရားနဲ့ယှဉ် သတိထားသုံးစွဲကြဖိုလည်း အထူးမှာကြား လိုကြောင်း၊ မီးသတ် တပ်ဖွဲဝင်များအနေဖြင့် “မီးမလောင်စေချင်တဲ့စိတ်၊ လောင်တဲ့မီးကို အမြန်ဆုံးငြိမ်းစေချင်တဲ့စိတ်”ကို အရင်းခံပြီး မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုးမှုတန်ဖိုးများ လျော့နည်းကျဆင်းဖို မီးဘေးလုံခြုံရေး ဆိုင်ရာ လုပ်ငန်းတွေဖြစ်သည့် မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးငြှိမ်း သတ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူတွေ ယုံကြည်အားကိုး အားထားပြုရတဲ့ မီးသတ်တပ်ဖွဲဝင်တွေဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားကြဖိုနဲ့ ယခု ဖွင့်လှစ် တဲ့ စခန်းသစ်ကို ရေရှည်တည်တံ့ခိုင် မြဲအောင် ထိန်းသိမ်း စောင့်ရှောက်သွားကြဖို လိုအပ်ပါကြောင်း ပြောကြားကာ၊ နယ်မြေမီးသတ်စခန်း သစ်ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

          အဆိုပါ ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄ -၂ဝ၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၂၅၁ ဒသမ ဝ၈၂ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်စခန်းသစ် ဖွင့်လှစ်ပေးမှုကြောင့် ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း(၁၁)ရွာတွင်ရှိသည့် အိမ်ခြေ(၃၈၉၇)လုံး၊ အိမ်ထောင်စု(၃၉၃၁)စု၊ လူဦးရေ (၁၄၄၃၅) ဦး၏ မီးဘေးလုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း