မကွေး ဇန်နဝါရီ ၅
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဆိုပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာ ကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံ/ ကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ/ ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ဆုရပြိုင်ပွဲဝင်များ တက်ရောက်သည်။
ရှေးဦးစွာ ဆုရပြိုင်ပွဲဝင်အမျိုးသားများက ဂီတဗိမ္မာန် သီချင်းဖြင့် စုပေါင်းဖျော်ဖြေတင်ဆက် ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အဆိုပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက် နေ့တွင် ပထမအဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသား (၁၀)ဦးနဲ့ အမျိုးသမီး (၁၀)ဦးကို ရွေးချယ်ကာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒုတိယအဆင့် ပြိုင်ပွဲကို ထပ်မံကျင်းပခဲ့ကြောင်း၊ ပထမ အဆင့်ပြိုင်ပွဲတွင် စိတ်ကြိုက်တေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ဒုတိယအဆင့်ပြိုင်ပွဲကိုတော့ ကော်မတီကနေ သတ်မှတ်ပေးသည့် မြန်မာသံစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့သည်ကို သိရှိရပါ ကြောင်း၊ ယခုပြိုင်ပွဲတင် မဟုတ်ပဲ လာမယ့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာပါ ပါဝင် ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းပြောကြားလိုကြောင်း၊ အခြေခံပညာအနေနဲ့လည်း အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့်ခွဲခြားပြီး စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနဲ့ ပိုစတာပြိုင်ပွဲ တွေလည်း မကွေးမြို့နယ်နဲ့ မင်းဘူးမြို့နယ်တွေမှာ ကျင်းပဆောင် ရွက်ခဲ့တာကို သိရှိရပါကြောင်း၊ ယခုလို ဇာတိသွေးဇာတိမာန်နဲ့ ပြည့်ဝတဲ့ မြန်မာတို့ရဲ့ လွတ်လပ်ရေး နေ့အခမ်းအနားကို ဂုဏ်ပြုပြီး ပြိုင်ပွဲတွေ ကျင်းပခြင်းဖြင့် အခုခေတ် လူငယ်တွေရဲ့ စိတ်ထဲတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့မှု၊ လွတ်လပ်ရေးရဲ့ အရသာ၊ မလွတ်လပ်ခြင်းရဲ့ ဆိုးရွာလှတဲ့ အတိတ်သမိုင်းကြောင်းကို နားလည်ပြီး အမိနိုင်ငံတော်ကြီး လွတ်လပ်ရေး တည်တန့်ခိုင်မြဲစေတဲ့ စိတ်ဓါတ်ခွန်အားတွေ ရှိအောင် သားငယ် သမီးငယ်တွေမှာ တာဝန်များစွာ ရှိတယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါကြောင်းနှင့် အနာဂတ်နိုင်ငံတော် ကို တည်ဆောက်မည့် သားငယ်သမီးငယ်များ အနေဖြင့် မိမိနိုင်ငံတော်ရဲ့ သမိုင်းကြောင်းတွေကို မမေ့ပျောက်အောင် ကြိုးစားကြကာ အမိနိုင်ငံတော်ကြီး လွတ်လပ်ပြီး အေးချမ်းသာယာသော နိုင်ငံတော်ကြီးအဖြစ် အစဉ်တည်တန့်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အခြေခံပညာ အခက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အဆိုပြိုင်ပွဲတွင် ဆုရရှိသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ သည်။
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဆိုပြိုင်ပွဲကို တက္ကသိုလ်၊ ကောလိပ်များ နှင့် ဌာနဆိုင်ရာများမှ စုစုပေါင်း ပြိုင်ပွဲဝင်(၂၈)ဦးဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ပြိုင်ပွဲဝင် (၁၇၈)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။