မကွေး ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့၊ မြသလွန် ဘုရား ပွဲတော်ကွင်းပြင်၌ ကျင်းပရာ မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားတွင် စိန်နပန်မီးပုံပျံ(၄)လုံး၊ ညမီးကြီး မီးပုံးပျံ(၃)လုံးနှင့် မီးပုံပျံငယ်(၃၀၀)လုံးတို့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ် သတ်များက မီးထွန်းညှိ၍ လွှတ်တင်ကာ၊ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။