မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် ထမင်းစားဆောင် အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် ထမင်းစားဆောင် အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၃

          သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ ထမင်းစား ဆောင်RC(၁)ထပ် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့န့နက် ၉ နာရီခွဲက အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်း များ တက်ရောက်သည်။

            ဦးစွာ ထမင်းစားဆောင် အဆောက်အဦသစ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကဂုဏ်ပြုဆုငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထမင်းစားဆောင် အဆောက် အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖျန်းပေးခဲ့ပြီး အဆောက်အဦအတွင်း ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည်လည်ကြည့်ရှုခဲ့သည်။

          ဆက်လက်၍ ထမင်းစားဆောင်အဆောက်အဦသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါ သင်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် သင်တန်းကျောင်းအား အခြေခံပညာ Grade-9 အောင်မြင်ပြီး ပညာဆက်လက် သင်ကြားရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်နှင့် ကွန်ပျူတာပညာတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသားများအနက် သင်တန်းပြီးဆုံးပါက ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များသို့ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်း များဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီကနေ့ ဖွင့်လှစ်ပေးတဲ့ ထမင်းစားဆောင် RC( ၁ )ထပ် အဆောက်အဦသစ်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်မှ ခွင့်ပြုတည်ဆောက်ပေးခဲ့တာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကနေ ဆောင်ရွက်ပေးခဲ့သည့် အဆောက်အဦ၊ ပရိဘောဂ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် သင်တန်းကျောင်းတာဝန်ရှိသူများ အပါအဝင် သင်တန်း သားများအားလုံးက စည်းကမ်းတကျ သုံးစွဲထိန်းသိမ်းကြဖို့ကို အထူးအလေးထားမှာကြားလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လဲ သင်တန်းကျောင်းအတွက် လိုအပ်သည့် သင်ကြားရေးအထောက် အကူပြုအဆောက်အဦများ ပြည့်စုံပြီဖြစ်၍ မိမိတို့ကျရာတာဝန်အပြင် သင်တန်းသား၊ သင်တန်း သူများအပေါ် မိမိတို့၏ ပညာရပ်ဆိုင်ရာအတွေ့ အကြုံဗဟုသုတများကို စေတနာအပြည့်ဖြင့် လက်ဆင့်ကမ်းမျှဝေပေး ကြစေလိုကြောင်းနှင့် မိမိတို့ ကျောင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေး စိတ်ဓါတ်အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေး အတတ်ပညာ ကျွမ်းကျင်တဲ့ သင်တန်းသား၊ သင်တန်းသူများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးပြီး ဒေသအကျိုးပြု စာရင်းကိုင်ပညာဖြင့် သက်မွေးဝမ်းကျောင်းနိုင်သည့်သူများ ဖြစ်အောင်ကြိုးစားဆောင်ရွက် ပေးကြ စေလိုကြောင်း ပြောကြားသည်။

          ထို့နောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာမကြီးက ထမင်းစားဆောင် အဆောက်အဦသစ် ဆောက်လုပ်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး ထမင်းစားဆောင် အဆောက်အဦသစ်နှင့် ပတ်သက်သည့်အချက်အလက်များအား ရွှေမန်းမကွေးဆောက်လုပ်ရေးကုမ္ပဏီက လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ရယူခဲ့သည်။

          ယင်းနောက် အဆောက်အဦဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ်ဂုဏ်ပြုအလံနှင့် ဖွင့်ပွဲ အမှတ် တရ ပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို အသီးသီးပေးအပ်ခဲ့သည်။

          ယနေ့ ဖွင့်လှစ်ခဲ့သည့် ထမင်းစာဆောင် RC ( ၁ ) ထပ်( ၁၀၀' × ၄၀' × ၁၂' )အဆောက် အဦသစ်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း (၂၃၃ ဒသမ ၉၀)ဖြင့် ရွှေမန်းမကွေးဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း