မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန် ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်း တင်ပြခြင်း အခမ်းအနားကျင်းပ

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန် ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက် နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်း တင်ပြခြင်း အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၄

          မကွေးတိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် အသိပေး ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲ များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် “ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန် ကာကွယ် ဆေး(OCV) တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအကြိမ်တွင် မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းတွင် တိုက်ကျွေးမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း ရောဂါဖြစ် ပွားမှုများရှိခဲတဲ့ မကွေးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် တိုက်ကျွေးပေးသွားမည်ဖြစ် ပါကြောင်း၊ (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းအား မကွေးတိုင်းဒေသကြီးအတွင်း၌ (၁၇-၂-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်မှာဖြစ်ပြီး ကာကွယ်ဆေး ရရှိမှုအရေအတွက်အရ (၅)ရက်မှ(၇)ရက် အတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ (OCV)ကာကွယ်ဆေး တိုက်ကျွေးရာတွင် အဓိက ဦးစားပေး တိုက်ကျွေးရမည့် ဦးတည်အုပ်စု တွေကတော့ ကျူးကျော်ရပ်ကွက်နေ ပြည်သူများ၊ လူနေ ထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသည့် နေရာများတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းသူ အုပ်စုများ၌ အသက်(၁)နှစ် အထက် ပြည်သူလူထုများအားလုံးကို ဦးစားပေး တိုက်ကျွေးရမှာဖြစ်ပြီး သန့်ရှင်းသော သောက်သုံးရေ၊ သန့်ရှင်းသော အိမ်သာတို့ကို အလွယ်တကူလက်လှမ်းမီသော ပြည်သူများ၊ လူနေမှု အဆင့်အတန်း မြင့်မားသူများ အနေဖြင့် လတ်တလောတွင် ကာကွယ်ဆေး သောက်သုံးရန် မလိုအပ်သေးကြောင်းလည်း သိရှိရပြီး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နိုင်ခြေများသည့် ဦးတည် အုပ်စုများကိုသာ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရန် ပိုမိုအရေးကြီး ပါကြောင်းကို ပြည်သူလူထု နားလည် သဘောပေါက်လက်ခံဖို့ ကျန်းမာရေး အသိပညာပေးခြင်း၊ သတင်းအချက်အလက်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများအား နှီးနွယ်ဌာနဆိုင်ရာ ဝန်ထမ်း များမှ ကူညီဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ (OCV)ကာကွယ်ဆေးတိုက်ကျွေးမှု (၁၀၀)ရာခိုင် နှုန်း လွှမ်းခြုံမှုရရှိစေရန် ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ဆေးတိုက်ကျွေးခြင်း လုပ်ငန်းအား မှတ်တမ်းပြုစုခြင်း၊ သတင်းပေးပို့ခြင်း၊ ကွင်းဆင်းကြီးကြပ်ခြင်းနှင့် ပြည်သူလူထုများအား ကျန်းမာ ရေးအသိပညာပေးခြင်း၊ လူထုစည်းရုံးရေးလုပ်ငန်းများ အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တို့ပြန်ကာကွယ်ဆေး(၁)လုံးသည် အမေရိကန်(၂.၅) ဒေါ်လာတန်ဖိုးရှိတဲ့အတွက် ကာကွယ်ဆေးများ လေလွင့်မှုမရှိစေရန် အဆင့်ဆင့်ကြီး ကြပ်ဆောင် ရွက်ကြရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအတွင်း စနစ်တကျ အောင်မြင်စွာ တိုက်ကျွေးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ ကြောင်းနှင့် တိုက်ကျွေးမှု လုပ်ငန်းအဆင့်တိုင်းတွင် အောင်မြင်စေရန် ကြိုးစားဆောင်ရွက်ပေးရန် ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါတုံ့ပြန် ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း