မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အကြိုစာမေးပွဲများဖြေဆို ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အကြိုစာမေးပွဲများဖြေဆို ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မကွေး ဖေဖော်ဝါရီ ၁၆

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် အကြို စာမေးပွဲများဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မကွေးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွား ရောက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အကြိုစာမေးပွဲများဖြေဆို ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေခြည်ကိုယ်ပိုင်ကျောင်းတွင် မကွေးမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိ သူများအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် အကြို စာမေးပွဲများကို အကြိမ်များစွာ လေ့ကျင့်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

          မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် အကြိုစာမေးပွဲများကို ဇန်နဝါရီလ(၁၃)ရက်နေ့မှ (၁၉)ရက်နေ့ အထိ တစ်ပြိုင်တည်း ဖြေဆိုလျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများ အပါအဝင် အခြေခံပညာ ကျောင်းပေါင်း(၉၀၀)ကျော်ရှိကာ၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မား ရေးအတွက် အကြိုစာမေးပွဲကို စတုတ္ထအကြိမ်မြောက် ဖြေဆိုခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅၁)ခုဖွင့်လှစ်၍ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၈၀၀၀)ကျော်ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံး၊ တာဝန်ရှိသူထံမှ သိရသည်။

နောက်ဆုံးရ သတင်း