မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၁

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားကွင်း၌ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်အနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင်၊ တောင်တွင်းကြီးမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ တောင်တွင်းကြီးမြို့နယ် အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းသန်းဋ္ဌေးတို့က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

          ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ရန်ပယ်အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူးက ပေးပို့သော (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာအား မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် က ဖတ်ကြားခဲ့သည်။

          ဆက်လက်ပြီး တောင်တွင်းကြီးမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္ထရာမြို့နယ်မြို့နယ်တို့မှ အရှိုချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက မြူဆူနွတ်ချစ်တဲ့ ချင်းတောင်တန်းမြေ၊ ချစ်တဲ့တောင်တန်းမြေ၊ ချစ်တောင်တန်းမှ ကြိုဆိုပါ၏၊ အောက်ချင်းငှက်အက၊ ပိုင်ပိုင်ယော့ ပချိုင်းယော့၊ စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ်၊ လက်တီးစသည့် တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ၊ ချင်းအမျိုးသားနေ့ အထိမ်းအမှတ် တည်ခင်းဧည့်ခံသော နေ့လည်စာကို တက်ရောက်လာကြသူများနှင့် အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း