မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ  (၂/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၆

          မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံတော် အကြီး အကဲ၏ လမ်းညွှန်ချက်နှင့် အညီ မိမိတို့ဒေသအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် အဆိုပါကဏ္ဍများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်စေရန် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးများကို အစီအမံများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်စပ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဝင်ရောက်လာသည်နှင့်အမျှ ဒေသအတွင်း လုပ်ငန်းအသစ်များ ပေါ်ထွန်း လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့် ကျွမ်းကျင် မှုများ တိုးတက်ရရှိလာမည် ဖြစ်သကဲ့သို့ ပြည်သူများ၏ဝင်ငွေများလည်း မြင့်တက်လာမည်ဖြစ် ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုလာခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ဒေသ၏ ထုတ်လုပ်မှုစွမ်းရည်မြင့်တက်လာရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းရည် တိုးတက်လာသည်နှင့် အမျှ ဈေးကွက်တွင် ရောင်းချနိုင်သည့်ပမာဏ ပိုများလာပြီး ဈေးကွက်အတွင်း လည်ပတ်ငွေပမာဏ သည်လည်း တိုးပွားလာမည်ဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်များလည်း တိုးတက်လာမည်ဖြစ်သည့် အတွက် နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်ပြီး နိုင်ငံ့စီးပွား တိုးတက်ရေးကိုလည်း အထောက်အကူဖြစ် စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း