မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၇

          မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော် အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထိန်းဦး၊ တိုင်းဒေသကြီးတရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်သည်။

          ဦးစွာ ချောက်မြို့စွယ်တော်မြတ်စေတီတော် တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်မှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက် မြို့နယ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်၌ ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့် ကျေးရွာများမှ အများပြည်သူများ ဖူးမျှော်နိုင်ရေးနှင့် အပူရှောင်နားခိုနိုင်ရေး အတွက် စွယ်တော် မြတ်စေတီတစ်ဆူအား တည်ထားကိုးကွယ်နိုင်ရေး လမ်းညွှန်ခဲ့ပါကြောင်း၊ ချောက်မြို့ဟာ ကမ္ဘာမှာ အပူဆုံးမြို့အဖြစ် စံချိန်တင်ခံခဲ့ရသည့်မြို့ ဖြစ်သည့်အတွက် ဘာသာ သာသနာ ထွန်းကားနိုင်ရေး ရည်ရွယ်၍ လည်းကောင်း၊ သက်ကြီးရွယ်အိုများ အပူရှောင်နားနေနိုင်ရေး ရည်ရွယ်ချက်ဖြင့် လည်းကောင်း ဉာဏ်တော် ၈၁ ပေ ရှိသည့် စွယ်တော်မြတ်စေတီအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီတည်ထားကိုးကွယ်ရန် ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စေတီတော်မြတ် တည်ထားကိုးကွယ်ရန် မြေနေရာဖြစ်သော ချောက်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ် ၂၂၉၃၊ ညောင်ဖြူပင်ကွင်း၊ ဦးပိုင်အမှတ် ( ၁၊ ၂ )အတွင်း၊ မြေဧရိယာ (၂၀.၀၈)ဧကအား မြေပြုပြင်ခြင်း လုပ်ငန်းများအား စဉ်ဆက် မပျက်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် မြေနေရာ ပြုပြင်ထားရှိမှုအနေဖြင့် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချောက်မြို့နယ်နှင့် အနီးပတ်ဝန်း ကျင်ရှိ မြို့နှင့် ကျေးရွာများမှ အများပြည်သူများ ဖူးမျှော်နိုင်ရေး ဉာဏ်တော်အမြင့်(၈၁)ပေရှိ စွယ်တော်မြတ် စေတီတော်(ချောက်)အား တည်ထား ကိုးကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်၍ ဦးစီးကော်မတီ(၁)ခု၊ လုပ်ငန်း ကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၅)ခုတို့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ရရှိသော အလှူငွေ များအား မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် “ ချောက်မြို့ စွယ်တော်မြတ် စေတီအလှူငွေစာရင်း ” အမည်ဖြင့် Account ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စွယ်တော်မြတ်စေတီ တည်ထားကိုးကွယ်မည့် မြေနေရာတွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများဖြစ်သည့် မြေတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်း လုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး၊ ရေရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ချောက်မြို့၊ စွယ်တော်မြတ်စေတီ တည်ထားဆောက်လုပ်နိုင်ရေး အလှူငွေရရှိရေးအတွက် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း (၁.၅)ဘီလီယံထည့်ဝင်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ စေတနာရှင် ပြည်သူများ အားလုံးအနေဖြင့် လစဉ်စုပေါင်းထည့်ဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ဆောင် ရွက်လျက်ရှိသည့် အပြင် ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာများရှိ စေတနာရှင် ပြည်သူများ အလှူငွေ ထည့်ဝင်လှူဒါန်းနိုင်ရေး အသိပေးဆောင်ရွက် လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် စွယ်တော်မြတ်စေတီတော်(ချောက်မြို့) အလှူငွေပေးအပ် လက်ခံပွဲ (ပထမ)အကြိမ်တွင် လှူဒါန်းသည့် အလှူရှင်များကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ စေတနာရှင်ပြည်သူများအနေဖြင့်လည်း အလှူငွေများ ဝိုင်းဝန်း၍ ထည့်ဝင်လှူဒါန်းစေလိုပါကြောင်း၊ ဘာသာ သာသနာထွန်းကား ပြန့်ပွားစေရေးအတွက် ကြုံတောင့်ကြုံခဲသည့် ကုသိုလ်ဒါနဖြစ်ခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဆန္ဒဖြစ်သောကြောင့် တိုင်းဒေသကြီးအတွင်းရှိဝန်ထမ်းများ၊ စေတနာရှင် ပြည်သူများမှ စွယ်တော်မြတ်စေတီ (ချောက်မြို့) တည်ထားကိုးကွယ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် အလှူရှင်များက ချောက်မြို့စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး အတွက် အလှူငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အခမ်းအနားအပြီးတွင် အလှူရှင် များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။

          အဆိုပါ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော်အတွက် ပထမအကြိမ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိဌာနဆိုင်ရာများ၊ ခရိုင်များအတွင်းရှိ ဒေသခံပြည်သူများ၊ စေတနာရှင်ပြည်သူ များ၏ လှူဒါန်းငွေမှာ ၁၁၀၆၇၄၄၁၀၀/- (ငွေကျပ်သိန်းတစ်သောင်းတစ်ထောင် ခြောက်ဆယ့် ခုနစ် သိန်းလေးသောင်းလေးထောင်တစ်ရာတိတိ)ဖြစ်ကြောင်းသိရသည်။


 

နောက်ဆုံးရ သတင်း