မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၈

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မင်းဘူး ခရိုင် အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံး၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မီးသတ်ဦးစီးဌာနမှ သင်တန်းသား တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

          ဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေး အန္တရာယ်များကို မကြာခဏ ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ မိမိတို့ဒေသများတွင်လည်း သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ ဖြစ်ပွားလာပါက အရေးပေါ် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ လျင်မြန်ထိ ရောက်စွာ တုံ့ပြန်ဆောင်ရွက် နိုင်စေရန်၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုတိုး တက်မြင့်မားလာစေရန် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ပြည်သူအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်သလို သဘာဝဘေးအန္တရာယ်များ မကျရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ကာ လေ့ကျင့် ရေးလုပ်ငန်းများ အစဥ်အမြဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြားမှ စွန့်စွန့်စား လုပ်ကိုင်ကြရသည့်အတွက် ကျွမ်းကျင်မှုနှင့် ကြံ့ခိုင်မှုကို အသုံးချကာ အသက်ပေါင်းများကို အောင်မြင်စွာ ကယ်တင်နိုင်ရန် လိုအပ်ပါကြောင်းနှင့် သင်တန်းကာလ တစ်လျှောက် လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှုနှင့် ပြီးပြည်စုံသောလုံခြုံမှုတို့ဖြင့် သတိပြုဆောင်ရွက်ကာ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း အမိန့်နှင့် ညွန်ကြားချက်များကို လေးစားလိုက်နာ ကြစေလိုပါကြောင်း ပြောကြား သည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရှာဖွေကယ်ဆယ်ရေး ဝတ်စုံများပေအပ်ပြီး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သုံးပစ္စည်း များနှင့် မြို့ဧရိယာကို စောင့်ကြည့်လွှမ်းခြုံနိုင်သော မီးဘေးလုံခြုံရေးကင်မရာ (Commond and Control Room) ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

          မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ် ရေး(မွမ်းမံ)သင်တန်းတွင် ခရိုင်နှင့် မြို့နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် သင်တန်းသား (၃၅)ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ လေ့ကျင့်ခန်း ဘာသာရပ်များဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရ ခွင့်ပြုရန်ပုံငွေ ၃၂၉ ဒသမ ၃၄၀ ကျပ်သန်းဖြင့် ဆောက်လုပ်လျက်ရှိသော (အလျား ပေ ၁၀၀ x အနံ ပေ ၃၀) အရွယ်အစားရှိ RCC (၂)ထပ်ဆောင် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ များ၏ တင်ပြအချက်များအပေါ် တိုင်း‌ဒသကြီး ၀န်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း