မကွေး မတ် ၃
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၆ နာရီခွဲ အချိန်က မကွေးမြို့ မြသလွန်စေတီတော်တွင် ကျင်းပသည့် သမိုင်းဝင် မြသလွန်စေတီတော် အာရုံခံ တန်ဆောင်းအသစ်ကြီး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ မြသလွန်စေတီ တော်အာရုံခံတန်ဆောင်းအသစ်ကြီး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မင်္ဂလာပန္နက်တော်တင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် အမှူးပြုသော အကြီးအကဲ(၅)ဦးတို့က သတ်မှတ်နေရာများတွင် နေရာယူခဲ့ပြီး၊ မင်္ဂလာအချိန်တွင် ဇယန္တော အောင်ဂါထာတော် ရွတ်ဖတ်၍ ပန္နက်တော်တင်ပြုကာ၊ ပန္နက်တော်များအား အမွေးနံ့သာများ ပက်ဖျန်းဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။