မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့် (Grade-5)၊အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့် (Grade-5)၊အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုမှု ကြည့်ရှုအားပေး

မကွေး    မတ်    ၆

          မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) ပြီးမြောက်မှုစာမေးပွဲများကို ဖြေဆို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁ ၊ ၃၊ ၄)အခြေခံပညာကျောင်း များသို့ သွားရောက်၍ (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့်(Grade-9)ပြီးမြောက်မှု စာမေးပွဲကို အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များနှင့် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် မကွေးမြို့နယ်အတွင်း စာစစ်ဌာန(၃၆)ခု ဖွင့်လှစ်ပြီး၊ ဖြေဆိုသူစုစုပေါင်း (၄၅၀၅)ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာမေးပွဲ ကို စာစစ်ဌာန (၃၂)ခုမှာ ဖြေဆိုသူစုစုပေါင်း (၃၃၂၆)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အခြေခံပညာ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်မှုစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၃) ရက်နေ့မှ (၇)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာ မူလတန်းအဆင့်(Grade-5)စာမေးပွဲကို စာစစ်ဌာန(၇၀၂)ခုဖွင့်လှစ်၍ ဖြေဆိုသူစုစုပေါင်း (၄၄၃၉၅)ဦး နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)စာမေးပွဲကို စာစစ်ဌာန(၄၆၂)ခု၌ ဖြေဆိုသူ စုစုပေါင်း (၃၁၈၈၁)ဦး ဝင်ရောက်ဖြေဆိုကာ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။

နောက်ဆုံးရ သတင်း