မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေး   မတ်   ၈

          ၂ဝ၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရား လွှတ်တော်ချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေးကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်သည်။

          ဦးစွာ အခြေခံကျန်းမာရေး တက္ကသိုလ်၊ မကွေးမှ သမီးငယ်လေးများမှ ပုဂံအကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နှစ်စဉ် မတ်လ(၈)ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့နေ့အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပကြရာ မိမိတို့နိုင်ငံမှာလည်း မြန်မာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလို အခမ်းအနားများ ကျင်းပ ခြင်းဖြစ်ပြီး၊ ဒီလိုကျင်းပနိုင်ခြင်းဟာလည်း နိုင်ငံတော်အနေနဲ့ အမျိုးသမီးများကို အထူးတန်ဖိုး ထားအသိအမှတ်ပြုကြောင်း ပြသခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အတွက် ဆောင်ပုဒ်ကတော့ “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” “ For All women and girls: Rights. Equality.Empowerment. " ဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဟာ ဒစ်ဂျစ်တယ် ကမ္ဘာမှာ အမျိုးသမီးနဲ့ အမျိုးသားတူညီသော စစ်မှန်သော တန်းတူညီမျှ မှုရှိစေရေး၊ ခွဲခြားပစ်ပယ်ခြင်း ကင်းစေရေးနဲ့ စွမ်းဆောင်ရည်မြင့်မားရေးတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စစ်မှန်သော တန်းတူညီမျှမှုရှိစေရေးအတွက် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေရဲ့ တစ်ဦးချင်းတန်ဖိုးကို အသိအမှတ် ပြုသလို မိသားစု၊ ရပ်ရွာနဲ့ လူ့အဖွဲ့ အစည်းအတွက် ၎င်းတို့ရဲ့ တန်ဖိုးရှိမှုကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါ ကြောင်း၊ လူတစ်ဦး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုး ထားမှုကို မြှင့်တင်ပေးခြင်း၊ လူမှုရေးအရခွဲခြားမှု၊ ဖယ်ကျဉ်မှုတွေကို ရှောင်ရှားရမှာဖြစ်သလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လုပ်ငန်းတိုင်းမှာ အမျိုးသမီးနှင့် အမျိုးသားကြား ကွဲပြားခြားနား မှုတွေနဲ့ နည်းပညာနှင့် အင်တာနက်တို့ကို လက်လှမ်းမှီ နိုင်မှုမှာ အခွင့်အလမ်း မတူညီမှုတွေကြောင့် ပိုမိုကြီးမားလာတဲ့ ကျား၊ မ ရေးရာ ကွာဟမှုတွေကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားဖို့ လိုအပ်ပါ ကြောင်း၊ အမျိုးသမီးများရဲ့ ဘဝကို အားပေးမြှင့်တင်ပေးခြင်းဟာ သူတို့ရဲ့မိသားစုတွေကို တိုးတက်စေ ခြင်းဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုကိုပါ ဆင့်ပွားရရှိစေမှာဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီး များရဲ့ အခန်းကဏ္ဍကို တစ်ဆင့် ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့၊ ရသင့်ရထိုက် တဲ့ အခွင့်အရေး များကို တန်းတူညီမျှ ရရှိစေဖို့ အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသလို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှလည်း ပူးပေါင်းဆောင် ရွက်ပေးနေတာကို တွေ့မြင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကိုရေးဆွဲ အကောင် အထည်ဖော်ခဲ့ရာ ယခုအခါ အဆိုပါ မဟာဗျူဟာစီမံကိန်း Phase II ဖြစ်တဲ့ (၂၀၂၃-၂၀၃၂)ကို ဆက်လက်ရေးဆွဲပြီး အမျိုးသမီးကဏ္ဍ(၁၂) ရပ်ဖြစ်တဲ့ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများနှင့် ပညာရေးလေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများ နှင့်အသက်မွေး ဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီး များနှင့် မီဒီယာ၊ အမျိုးသမီးများနှင့် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများ၊ အမျိုးသမီး ငယ်ရွယ်များစတဲ့ ကဏ္ဍများကို သက်ဆိုင်ရာဦးစီးဌာန၊ ဝန်ကြီးဌာနများမှ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနဟာ အမျိုးသမီး များရဲ့ ဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဘဝလုံခြုံရေးတို့အတွက် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အိမ်တွင်းမှုသက်မွေး ပညာသင် ကျောင်းများ ဖွင့်လှစ်၍ သက်မွေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုအမျိုးမျိုးကို ခံစားနေရတဲ့ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နားခိုရာ နေရာများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးဆောင်ရွက်ပေးနိုင် ရန်အတွက် One Stop Women Support Center (OSWSC)ဌာန(၆)ခုကို (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊လွိုင်ကော်၊စစ်ကိုင်း)တို့တွင် ဖွင့်လှစ်၍ အမျိုးသမီးများအား လက်ခံ စောင့်ရှောက် ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီးမှာလည်း OSWSC စင်တာကို ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဖို့ နိုင်ငံတော်အစိုးရနှင့် အတူ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍများတွင် ပြည်သူများနှင့် အမျိုးသမီးများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်လှပါကြောင်း၊ ကဏ္ဍစုံမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး ပါဝင် ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဗဟုသုတ လေ့လာ ပြည့်စုံစေရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကို ရှေးရှုပြီး လေ့လာအားထုတ် ပေးကြစေလို ကြောင်းနှင့် ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှု တွေကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုနှင့် စွမ်းရည်မြင့်မား ရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ တိုက်တွန်း မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး မကွေးတက္က သိုလ်မှ ကျောင်းသူတစ်ဦးက တစ်ပင်တိုင်အကဖြင့်လည်းကောင်း၊ မကွေးမြို့၊ အခြေခံပညာ ကျောင်း များမှ ကျောင်းသူလေးများက ဣတ္ထိယပန်းခင်းသီချင်းဖြင့် လည်းကောင်း၊ မကွေးပညာရေး ဒီဂရီ ကောလိပ်မှ ကျောင်းသူလေးများက မြန်မာအမျိုးသမီးလေးပါ သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက သွေးချင်းတို့ရဲ့မြေ သီချင်းဖြင့်လည်း ကောင်း၊ မကွေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများက သနပ်ခါး သီချင်းဖြင့်လည်း ကောင်း အသီးသီးဖျော်ဖြေ တင်ဆက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနား အပြီးတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း