မကွေး မတ် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြသလွန်ကုန်းတော်၊ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဗုဒ္ဓရောင် တော်ဖွင့် ထူးမခြားနားသီချင်းခံ(၃)ပိုဒ်ဖြင့် ဘွဲ့ခံဆရာတော်များအား သီဆိုပူဇော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က မကွေးမြို့၊ အောင်မြေရတနာ စာသင်တိုက် ပဓာနနာယက မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန ထံမှ ငါးပါး သီလခံယူ ဆောက်တည်ခဲ့ပြီး၊ ပခုက္ကူမြို့၊ ဆုကြီးပန်ကျောင်းတိုက် (မဟာဂန္ထ ဝါစက ပဏ္ဍိတ) ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ က(သမ္မောဒနီယ) ဩဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ အထူးပင့်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂၃)ပါး၊ သုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်တော်ရ အမျိုးသမီးလူပုဂ္ဂိုလ်(၁)ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော် အသီးသီးနှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ထံမှ ရေစက်ချ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့် သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင် ဆရာကြီးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။
၂၀၂၅- ခုနှစ်၊ မကွေးတိုင်းဒေသကြီးအနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁)ပါး၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး(၁)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ သီလရှင်ဆရာကြီး(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂)ပါး၊ သီလရှင်ဆရာကြီး(၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး( ၂) ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၃)ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၆)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယဆရာတော်ကြီး(၁)ပါး၊ မဟာ ကမ္မဌာနာ စရိယဆရာတော်ကြီး(၁)ပါး၊ ကမ္မဌာနာစရိယ ဆရာတော်ကြီး(၂)ပါး၊ သုဓမ္မသိင်္ဂီဘွဲ့ တံဆိပ် တော်ရ အမျိုးသမီးလူပုဂ္ဂိုလ်(၁)ဦး၊စုစုပေါင်း(၂၃)ပါး (၁)ဦး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်အသီးသီးအဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။