မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဘက်စုံသုံး အဆောက်အဦနှင့် သိုလှောင်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဘက်စုံသုံး အဆောက်အဦနှင့် သိုလှောင်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး မတ် ၂၀

          မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဘက် စုံသုံးအဆောက်အဦနှင့် သိုလှောင်ရုံဖွင့်ပွဲ အခမ်းအနားကို မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအနီး အဆိုပါအဆောက်အဦရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ အမှူးပြုသော အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ IFRC, ICRC, Danish Red Cross, German Red Crosse ဌာနေကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသအတွင်းရှိ ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူငယ်အသင်းအဖွဲ့တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Mrs. Marie နှင့် မကွေးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါက်တာချောခင်တို့က ကြက်ခြေနီ သိုလှောင် ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ်အား ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌတို့က သိုလှောင်ရုံမိန်းတံခါးမကြီးအား စက်ခလုပ် နှိပ်ဖွင့်လှစ်၍ တာဝန်ရှိ သူများနှင့် အတူ ကဗ္ဗည်းကြေးပြားအား အမွေးနံ့သာများ ပက်ဖြန်းကာ၊ သိုလှောင်ရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။

          ဆက်လက်၍ မဏ္ဌာပ်အတွင်းဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း သဘာဝဘေးအမျိုးမျိုးအတွက် ချက်ချင်းကူညီ တုံ့ပြန် ဆောင်ရွက်နိုင်မည့် အရေးပါသော နေရာတစ်ခုကို ဖွင့်လှစ်လိုက်နိုင်သည့်အတွက် လွန်စွာမှ အကျိုးပြုမည့် နေရာတစ်ခု ဖြစ်ထွန်းလာတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လွန်စွာမှ ဝမ်းမြောက်မိပါကြောင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် မကွေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ကူးစက်ရောဂါတုံ့ပြန် ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေး တုံ့ပြန် ကာကွယ်ရေးလုပ်ငန်းများ၊ လူထုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူနာတင်ယာဉ် သွေး လှူဒါန်းမှု လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေသည်ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးမှတ်တမ်းတင်အပ်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် မကွေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ကိုဗစ်(၁၉) ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အကာအကွယ်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်း၊ ဒေသတွင်း မတည်ငြိမ် သောနေရာ များတွင် အစားအစာနှင့် အစာအစားမဟုတ်သော ထောက်ပံ့မှုများပေးခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ လူနာတင်ယာဉ်ဆိုင်ရာထောက်ပံ့မှုများ၊ မိုခါဆိုင်ကလုန်းမုန်တိုင်း ပြန်လည် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ငွေကြေးမဟုတ်သော ပစ္စည်းများထောက်ပံ့ခြင်း၊ မိသားစုများအား အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ရေတွင်း ရေကန်နှင့် ယင်လုံအိမ်သာ များထောက်ပံ့ခြင်း၊ အခြားသောနည်းပညာပံ့ပိုးမှုများ စသောလုပ်ငန်း များအား ကြက်ခြေနီ အခြေခံမူများနှင့် အညီ ရွေးချယ်ထောက်ပံ့ပေးအပ်ခဲ့သည့် အတွက်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးပဲ ကျေးဇူးတင်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ကြက်ခြေနီ လူမှုဂရုဏာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွား စေရန်အတွက် အခြေခံရှေးဦးပြုစုခြင်း သင်တန်းများဖွင့်လှစ်နိုင်ရေး၊ သဘာဝဘေးများတွင်လည်း ကူညီဆောင်ရွက်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်းစသော လုပ်ငန်းများကို အစဉ်တစိုက် ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသလို၊ ဆက်လက်ပြီးတော့လည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တတ်စွမ်းသလောက် ထပ်မံကူညီထောက်ပံ့ပေးသွား မှာလည်းဖြစ်ပါကြောင်း၊ လူမှုဂရုဏာလုပ်ငန်းများကို အစဉ်တစိုက်အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန် အတွက် ယခုရုံးအဆောက်အဦ တည်ဆောက်ထားသောမြေနေရာ(၁.၀၉)ဧကအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှု ကော်မတီအနေဖြင့်လည်း စေတနာ လုပ်အားရှင်များ တိုးပွား လာအောင် မွေးထုတ်ကြဖို့နဲ့ တိုးတက်လာသော စေတနာလုပ်အားရှင်များကိုလည်း အရည်အချင်း ပြည့်မှီပြီး ပြည်သူလူထုကို ကူညီဆောင်ရွက်နိုင်တဲ့ လူတော်လူကောင်း လေးတွေဖြစ်လာအောင် လေ့ကျင့်သင်ကြား ပေးကြဖို့လိုအပ်သလို၊ စေတနာ လုပ်အားရှင်များ တိုးပွားလာအောင် စည်းရုံး၊ စုစည်း ပျိုးထောင်လေ့ကျင့်ပေးကြဘို့နဲ့ အင်အားသစ်များ ကိုလဲ အရည်အချင်းပြည့်ပြီး စိတ်ဓာတ်၊ စည်းကမ်း၊ အသိပညာ၊ အတတ်ပညာ၊ အရည်အသွေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဘို့ လေ့ကျင့် ပျိုးထောင် သင်ကြားပေးရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် က မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ရပ်ရွာလူထုအတွင်း လူမှုဂရုဏာလုပ် ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ “ကြက်ခြေနီအခြေခံမူ” တွေဖြစ်တဲ့ လူသားချင်းစာနာထောက် ထားခြင်း၊ ခွဲခြားမှု မရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပျံနှံံ့ခြင်းစတဲ့ အခြေခံမူ(၇)ချက်ကို မြဲမြန်စွာ လက်ကိုင်ထားရင်း နိုင်ငံတကာ ကြက်ခြေနီ အသင်းများနည်းတူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိုလှောင်ရုံပေးအပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ အလှူရှင်နိုင်ငံအသင်းများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ လှူဒါန်းရသည့် ရည်ရွယ်ချက်အားပြောကြားကာ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါက်တာချောခင်က ကျေးဇူးတင်စကားပြော ကြားခဲ့သည်။

 

          ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က တိုင်းဒေသ ပေကြီးအစိုးရအဖွဲ့ထံသို့ မြေလှုဒါန်းသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး၊ဘက်စုံသုံးသိုလှောင်ရုံဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီးထံ ပေးအပ်ခဲ့သည်။

          မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် ၁၉၂၀ ခုနှစ်ကစပြီး နိုင်ငံတော်၏ လူမှုဂရုဏာ လုပ်ငန်းများကို ယနေ့အချိန်အထိ ကူညီဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေ(၂၀၁၅)အရ အမြဲတမ်း လူမှုကရုဏာအသင်းအဖြစ် နိုင်ငံတော်က ပြဌာန်းတာဝန်ပေးအပ်ထား ရှိသည့်အတွက် နိုင်ငံတစ်ဝှမ်း သဘာဝဘေးအန္တရာယ်များနှင့် အခြားသောအရေးပေါ် အခြေအနေများ တွင် သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ်ပြီးနိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း