မကွေး ဧပြီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ မီးဘေးသင့်ပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် အိမ်ဆောက် ပစ္စည်းဘိုးငွေ၊ နွေနှမ်းမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်မိ/ရပ်ဖများနှင့် မုန်းဇလဲကျေးရွာမှ မီးဘးသင့်ပြည်သူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်တွင် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲပေးပိုင်ခွင့်ရှိတဲ့အသက်(၁၈)နှစ် ပြည့်ပြီးသူနိုင်ငံသားတိုင်း လက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန်လိုအပ်သလို၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့် (၁) (၂) (၃) စီမံချက်တို့ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေတာ ဖြစ်ပါကြာင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာအုပ်စု၊ မုန်းဇလဲကျေးရွာမှာ (၁၂.၃.၂၀၂၅)ရက်နေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့်ခဲ့သော ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ ဆောင်ရွက်ပေး ခဲ့သော ပျောက်ဆုံး/ပျက်စီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း (၇၅)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၂၁)ကတ်တို့အား ယနေ့ပြည်သူများထံသို့ ပေးအပ်သွားမှာဖြစ်ပါကြာင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ အီလက်ထရော နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း(e-ID)အားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ(Focal Ministry)အဖြစ် အကော်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်/ဧည့်/ပြု ကိုယ်ရေးမှတ်တမ်း (၅၂)သန်းကျော်အား (Biographic Registration System) အတွင်းသို့ လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) (၁၃) သန်းကျော်အား (HouseHold Registration System)အတွင်းသို့ လည်းကောင်း ထည့်သွင်းပြီးကြောင်း သိရပြီး၊ ယခုအခါ ဒုတိယအဆင့်အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၉) မြို့နယ်တွင် Biometric အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို (၂၂.၆.၂၀၂၃)ရက်နေ့မှ စတင်ကောက်ယူဆောင်ရွက် လျက်ရှိရာ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာအုပ်စု၊ မုန်းဇလဲကျေးရွာတွင်လည်း Biometric အချက် အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံး/ ပျက်စီးခဲ့သည့် ပြည်သူများအား(၂၂.၃.၂၀၂၅)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ မုန်းဇလဲကျေးရွာသို့ ကွင်းဆင်း၍ (၂၂၀)ဦးအား ယခင်ထုတ်ပေးထားသည့် (UID)နံပါတ်အတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ယနေ့ပြန်လည်ထုတ်ပေး သွားမှာဖြစ်ပါကြာင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း (၁၅.၃.၂၀၂၅)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ နေထိုင်ရာ မြောင်းဘောင်ဘုန်ကြီးကျောင်းမှာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နဲ့ အခြားပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး၊ ယခုအခါမှာလည်း မီးဘေးသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန် အိမ်ခြေ(၁)လုံးလျှင်မျှောတိုင်(၉)လုံး (၁၆၂၀၀ဝိ/-) ကျပ်နှုန်းဖြင့် အိမ်ခြေ(၃၆၀)လုံးအတွက်ကျပ်(၅၈၃.၂၁) သိန်းအား ထောက်ပံ့ပေးသွားမှာ ဖြစ်ကာ၊ မီးဘေးသင့်တောင်သူများအတွက် နွေနှမ်းစိုက်ပျိုးနိုင်ရန် နှမ်းမျိုးစေ့ လိုအပ်တဲ့တောင်သူ(၁၀၅)ဦး၊ ဧက(၃၁၂)ဧကအတွက် (၁)ဧကလျှင် (၂)ပြည်နှုန်းဖြင့်(၆၂၄)ပြည်၊ (၃၉)တင်း (တန်ဖိုးငွေ ကျပ် ၁၁၆.၈ သိန်း) အား ပေးအပ်သွားမှာဖြစ်၍ စုစုပေါင်း ကျပ် ( ၇၀၀.၀၁ )သိန်းအား ပေးအပ်သွားမှာ ဖြစ်ပါကြာင်း၊ မီးဘေးသင့်ပြည်သူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ငွေများကို အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးပြုသွားကြရန်၊ ပေးအပ်သည့် နွေနှမ်းမျိုးစေ့များကို အသုံးပြုပြီး စိုက်နည်းစနစ်မှန်ကန်စွာဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွား ကြရန်နှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများအနေဖြင့်လည်း တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာ အကူအညီများ၊ ရေလိုအပ်ချက်များစသည့်အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးသွား ကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာ၀န်ရှိသူတို့ကအိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ၊ နွေနှမ်းမျိုးစေ့(၃၉)တင်း တို့အား မီးဘေးသင့်အိမ်ထောင်စုဝင်များသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရပ်မိ/ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြာင်းနှင့်အခမ်းနားအပြီးတွင် မုန်းဇလဲကျေးရွာ မီးဘးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ၊ အားေပးစကားများပြာကြားခဲ့ကြာင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မုန်းဇလဲကျေးရွာမီးဘေးသင့်အိမ်ထောင်စုဝင်များအား အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ်(၅၈၃.၂၀) သိန်း၊ နွေနှမ်းမျိုးစေ့(၃၉)တင်း (တန်ဖိုးငွေကျပ်၁၁၆.၈သိန်း)၊ စုစုပေါင်းကျပ်(၇၀၀.၀၀)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။