မကွေး ဧပြီ ၄
မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်နှင့် တာ၀န်ရှိသူများသည် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ စင်္ကြာပန်းတောင်းစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး၊ စင်္ကြာပန်းတောင်းစေတီ တော်မြတ်အား ဖူးမျှော်ကြည်ညိုကာ၊ စေတီတော်အတွင်းလှည့်လည်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား မေးမြန်းကြည့်ရှုရာ၊ စေတီတော်ဂေါပကအဖွဲ့တာဝန်ရှိသူများမှ ထိခိုက်ပျက်စီးမှုမရှိကြောင်း ရှင်းလင်းတင်ပြမှုအပါ် တိုင်းဒေသကြီး၀န်ကြီးချုပ်က စေတီတော်မြတ် ကြီးရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး ဝိုင်း၀န်းထိမ်းသိမ်းစောင့်ရှောက်ကြရန်နှင့် လျှပ်စစ်မီးပုံမှန် ထွန်းညှိပူဇာ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းေဆာင်ရွက်ပေးကာ၊ အခြားလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။