မကွေး ဧပြီ ၉
ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီ မြစ်ကမ်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း ၊ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူ များက တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် ငါးသား ပေါက်စခန်းများတွင် မွေးမြူထားသော ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၃)သောင်းအား ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ ကြကြောင်း သိရသည်။