မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန် ယဉ်ကျေးသိမ်မွေ့ အေးချမ်းစွာ ကျင်းပလျက်ရှိ

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန် ယဉ်ကျေးသိမ်မွေ့ အေးချမ်းစွာ ကျင်းပလျက်ရှိ

မကွေး ဧပြီ   ၁၃

          မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရန် ၊နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေး တိုင်းဒေသကြီး မကွေးမြို့တွင် မဟာသင်္ကြန် အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီက မကွေးမြို့ ကမ်းနားလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပခဲ့သည်။

          မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းကြည်နူး စွာဖြင့် တစ်ဦးနှင့် တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ ဘိုးဘွားများအား လက်သည်း ခြေသည်း ညှပ်ပေးခြင်း၊ စတုဒိသာအကျွေးအမွေးများနှင့် မြန်မာ့ရိုးရာ သနပ်ခါးသရုပ်ပြ လိမ်းခြယ်ခြင်းများအား မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အညီ မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲကိုကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲ များ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်ကြည့်ရှု အားပေးကာ၊ ပြည်သူများနှင့် အတူ သင်္ကြန်ရေအေး သပြေခက် ဖြင့် ပက်ဖျန်းခဲ့ကြသည်။

          မကွေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍာပ်များ တွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ မုန့်လုံးရေပေါ် မုန့်တီများကို ကျွေးမွေးခဲ့ခြင်းများနှင့် အတူ မြန်မာ့ရိုးရာ သင်္ကြန်အစဉ်အလာနဲ့ အညီ သပြေခက်ဖြင့်ရေပက်ကစားခဲ့ကြတာဖြစ်ပြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသား မျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ပြု သောအားဖြင့် လာရောက် ရေကစားကြသူများအား မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားကြောင်းနှင့် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် အေးချမ်းစွာ ရေကစားနိုင်ပြီး စတုဒိသာ အကျွေးအမွေးများကိုလည်း ဌာနဆိုင်ရာများနှင့် အလှူရှင် ပြည်သူများမှ သင်္ကြန်ကာလ တစ်လျှောက် ကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း