မကွေး ဧပြီ ၁၃
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အထက(၁)လမ်းနှင့် သစ္စာလမ်းထောင့်တွင် မကွေးမြို့ နွေရာသီ တယောတီးသင်တန်းမှ ကျောင်းသား၊ ကျောင်းသူ လေးများမှ မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အထောက်အပံ့ဖြစ်စေရန် တယော တီးခတ်၍ ငလျင်ဘေးအတွက် အလှူခံဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှု အားပေးကာ၊ ကျောင်းသား၊ ကျောင်းသူလေးများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ငလျင်ဘေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။