မကွေး ဧပြီ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့တွင် မဟာသင်္ကြန်အကြိုနေ့မှ စတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာ သင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများကို ကျင်းပခဲ့ပြီး၊ ဧပြီလ ၁၆ ရက် မဟာသင်္ကြန် အတက်နေ့ နံနက်ပိုင်း က မကွေးမြို့ ကမ်းနားလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပနေမှုအား တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အကြီးအကဲများ ကြည့်ရှုအားပေးသည်။
မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ကြည်နူး စွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ ဘိုးဘွားများအား လက်သည်း ခြေသည်း ညှပ်ပေးခြင်း၊ စတုဒိသာအကျွေးအမွေးများနှင့် မြန်မာ့ရိုးရာ သနပ်ခါးသရုပ်ပြ လိမ်းခြယ်ခြင်းများအား မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များ သွားရောက်၍ ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန် ပွဲတော် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာ အစဉ်အလာနှင့် အညီ သပြေခက်ဖြင့် သင်္ကြန်ရေအေး ပက်ဖျန်းပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ကာလမှာ သင်္ကြန်ရေးအေးနဲ့ နှစ်ဟောင်းမှ မကောင်းသော အညစ်အကြေးများကို ဆေးကြော သန့်စင်ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှုအပေါင်း ဆောင်ယူနိုင်ကြပါစေကြောင်းနှင့် နှစ်သစ်တွင် ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးဥပါဒ်အန္တရာယ်များ ကင်းဝေးပြီး မကောင်းသောစိတ်များအား ဖယ်ရှားကာ ကောင်းသောစိတ်များ မွေးမြူနိုင်သည့်အပြင် မင်္ဂလာတရားတော်နှင့် ပြည်စုံ၍ မင်္ဂလာ ရှိသော နေ့ရက်များအား ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှစ်သစ် ဆုတောင်းစကားပြောကြားကာ၊ မဏ္ဍာပ် များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ ရွှေရင်အေး ၊ သာကူချို ၊ မုန့်လက်ဆောင်း ၊ မုန့်လုံး ရေပေါ်၊ ကြာဇံဟင်းခါး ကျွေးမွေးခဲ့ခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
မကွေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ မုန့်လုံးရေပေါ် မုန့်တီများကို ကျွေးမွေးခဲ့ခြင်းများနှင့် အတူ မြန်မာ့ ရိုးရာ သင်္ကြန်အစဉ်အလာနဲ့အညီ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေး မှု လမ်းလျှောက်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှု ဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ပြု သောအားဖြင့် လာရောက် ရေကစားကြသူများအား မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ် နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားကြောင်း၊ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ငလျင်ဘေးသင့် ပြည်သူများကို စာနာထောက်ထားသောအားဖြင့် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနှင့် အညီ ကခုန် တီးမှုတ်ခြင်းမျိုး မပါရှိပဲ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅ - ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယဉ်ကျေးသိမ်မွေ့အေးချမ်းစွာဖြင့် အေးသင်္ကြန်အဖြစ် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွတ်ခြင်း၊ သက်ကြီး ဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရဟန်းရှင်လူ ပြည်သူများ ဘေးအန္တ ရာယ်အပေါင်းမှ ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းစသည့် အစီအစဉ် များကို ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။