မကွေး ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မကွေးမြို့၊ ကမ်းနားလမ်းရှိ We Love Magway အနီးတွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ဖန်ခါးမြေ ဘိုးဘွား ရိပ်သာတွင် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ် အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ် မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် မကွေးမြို့ မြသလွန် စေတီတော် မြတ်သို့ ရောက်ရှိပြီး၊ မြသလွန် စေတီတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမျှော်ကြည်ညို ကာ၊ မြသလွန်စေတီတော် ရင်ပြင်တော်တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ ကမ်းနားလမ်းရှိ We Love Magway အနီးတွင် ဇီဝိတဒါန ငါးလွှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများက တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူထားသော ငါခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂)သောင်း၊ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၁) သောင်းခွဲ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သောင်းခွဲအား ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူ ခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်း(၁)ရက် ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား ဦးထိပ်ထားကာ သက်ကြီးဘိုး/ဘွား များအား လက်အုပ် ချီမိုး ကန်တော့ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက စုစုပေါင်းလှူဒါန်းငွေကျပ်(၇၁)သိန်းကျော်တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းပေးအပ် ကန့်တော့ကြပြီး၊ ဘိုးဘွားများကိုယ်စား သက်ကြီး အဘိုး တစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပိုသပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖန်ခါးမြေဘိုးဘွားရိပ်သာအတွင်း သက်ကြီးဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆီးချို၊ သွေးတိုးရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အခြားလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။