မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စေလွှတ်သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စေလွှတ်သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေး ဧပြီ    ၂၁

          နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မကွေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စေလွှတ်သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေ သကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်း အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေသို့ သွားရောက်လုပ် အားပေးကြမည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က(၂၈-၃-၂၀၂၅) ရက်နေ့ (၁၂) နာရီ (၅၁)မိနစ်ဝန်းကျင်မှာ မန္တလေးမြို့အနီးကို ဗဟိုပြုလှုတ်ခတ်ခဲ့တဲ့ပြင်းအား (၇.၇) ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း မန္တလေးငလျင်ကြောင့် မန္တလေးမြို့၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့များမှာရှိတဲ့ လူနေအိမ်များ၊ ဌာန ဆိုင်ရာအဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူ များလည်းရှိခဲ့ကြောင်း ကြားသိခဲ့ရတဲ့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အင်မတန်မှ စိတ်မကောင်း ဖြစ်ခဲ့ရပါကြောင်း၊ မကွေးတိုင်းဒေသကြီးကို ငလျင်ဘေးဒဏ်သင့် တိုင်းဒေသကြီး တစ်ခုအဖြစ် ထည့်သွင်းဖော်ပြထားသော်လည်း တိုင်းဒေသကြီးအတွင်းမှာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီနယ်မြေနဲ့ မန္တလေးမြို့များမှာ ငလျင်ဒဏ်ကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြတဲ့ သူတွေအနက် သွေးသွင်းကုသရန် လိုအပ်တဲ့လူနာများအတွက် သန့်ရှင်းသောသွေး ပေးပို့နိုင်ရေးအတွက် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ သွေးလှူရှင်များအားစည်းရုံးကာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ ဆေးရုံအသီးသီးမှ သွေးရည်အိတ်များကို ပြည်သူ့ ဆေးရုံကြီး၊ မကွေးမြို့မှာရှိတဲ့ သွေးလှူ ဘဏ်မှာ စုဆောင်းခဲ့ပြီး နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံ ကြီးသို့ (၂၉-၃-၂၀၂၅)ရက်နေ့မှာ A' သွေး (၇၃ ) အိတ်၊ B* သွေး (၉၁) အိတ်၊ ဝ' (၈၂)အိတ်၊ AB+ (၁၈) အိတ်၊ AB (၁) အိတ် စုစုပေါင်း သွေးရည် အိတ်ပေါင်း(၂၆၅)အိတ် ပေးပို့နိုင်ခဲ့ကြောင်း၊ အလားတူပဲ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်မှ A+ သွေး(၅၆ ) အိတ်၊ B* သွေး(၆၅) အိတ်၊ ဝ' (၆၇) အိတ်၊ AB' (၁၉) အိတ်နဲ့ စုစုပေါင်းသွေးရည် အိတ်ပေါင်း (၂ ၀၇) အိတ်ကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပေးပို့နိုင်ခဲ့ကြောင်း၊ ထို့အပြင်ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများအား လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် နောက်ဆက်တွဲကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကူညီ ဆောင်ရွက်ပေးနိုင်ရန် သဘာဝဘေးအရေးပေါ် တုံ့ပြန်ရေးအဖွဲ့များနှင့် အထူး ကုဆရာဝန်များ ဦးဆောင်သော အရေးပေါ်ဆေးကုသရေးအဖွဲ့များအား စေလွှတ်ပေးနိုင်ရန်စီမံခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ပေါင်း (၁၀) ဖွဲ့၊ အဖွဲ့ဝင်ပေါင်း (၄၉)ဦးကို (၄-၄-၂၀၂၅) ရက်နေ့မှ နေပြည်တော်ကောင်စီနယ်မြေသို့ စေလွှတ်ခဲ့ရာမှာ အစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့ငွေများနှင့် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ စေလွှတ်ခဲ့တဲ့ အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်(၄၉)ဦးဟာဆိုရင် (၅-၄-၂၀၂၅) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၏ အနီးကပ်ကြီးကြပ်တာဝန်ခွဲပေးမှုများအရ အုပ်စုခွဲပြီး အင်ဒိုနီးရှား နိုင်ငံကလာတဲ့ ဆေးကုသရေးအဖွဲ့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များဖြစ်တဲ့ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိနဲ့ ပျဉ်းမနားမြို့ နယ်တွေမှာ ရွေ့လျားဆေးခန်းတွေ ဖွင့်လှစ်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပြင် စိတ်ပိုင်းဆိုင်ရာအားပေး စောင့်ရှောက်နေခြင်း၊ ပတ်ဝန်ကျင်းသန့်ရှင်းရေး လုပ်ငန်းတွေဖြစ်တဲ့ ယင်လုံ အိမ်သာစနစ်တကျသုံးစွဲနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရေး ကလိုရင်းဆေး ခတ်ခြင်း လုပ်ငန်းများ၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများ၊ အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးနေတာဖြစ်တဲ့အတွက် ပြည်သူများအတွက် အမှန်တကယ်ကို အကျိုးပြုနေကြောင်း တိုင်းကျန်း မာရေးဦးစီးဌာနမှူး၏ တင်ပြမှုများအရ ကြားသိရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ဒီနေ့မှာ ဒုတိယအကြိမ်အဖြစ် မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အရေးပေါ်တုံ့ပြန် ရေးအဖွဲ့ (၇)ဖွဲ့၊အဖွဲ့ဝင် ပေါင်း(၃၅)ဦးကို ထပ်မံစေလွှတ်မှာဖြစ်ပြီး၊ သွားရောက်တာဝန် ထမ်းဆောင် ကြမယ့် အဖွဲ့ဝင်များအနေနဲ့ တစ်ဦးနဲ့ တစ်ဦး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တိုင်တိုင်ပင်ပင် ဆောင်ရွက်ကြဖို့ တာဝန်ချထားရာ နေရာတွေမှာ ယခင်အဖွဲ့များကဲ့သို့ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍတွေအတွက် ကိုယ်ချင်းစာစိတ် အပြည့်နဲ့ကြိုးစားဆောင်ရွက် ပေးကြဖို့ မှာကြားလိုကြောင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အနေနဲ့ သဘာဝဘေး ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်း အရေးပေါ်ဆေးကုသရေးအဖွဲ့များနှင့် သဘာဝဘေး အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ အမြဲအသင့်ရှိနေ စေရေးအတွက် စုဖွဲ့ထားရှိခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ နှီနွယ်ဌာနဆိုင်ရာ များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ထားရှိရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဆေးစိမ်ခြင်ထောင်များပေးအပ်ကာ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း