မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေး    ဧပြီ    ၂၅

          မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ အစည်း အဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင် များကို ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အားပေးကူညီကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်များ တိုးတက်များပြားလာစေရန်အတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်လာစေရန် ကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသ အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးချင်း၏ စီးပွားရေးလုပ်ငန်းများကို တောင့်တင်း ခိုင်မာအောင် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကော်မတီအတွင်းရေးမှူးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာများကို တင်ပြခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးဆောင်ရွက်ခဲ့သည်။

          မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော် သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း