မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၅)တက်ရောက်...

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၅)တက်ရောက်...

မကွေး     ဧပြီ     ၂၈

          မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၅) ကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ဌာနအသီးသီးကဆောင်ရွက်ခဲ့ကြတဲ့ ဌာနလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ စစ်ဆေးမှတ်တမ်းထားကြဖို့ လိုအပ်ပါကြောင်း၊ #ယခု ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်ကို ရောက်ရှိလာပြီး၊ ဒီဘဏ္ဍာနှစ်အတွက် မိမိတို့ မကွေးတိုင်းဒေသကြီးရဲ့ စီမံကိန်း ရည်မှန်းချက်များကို ၁၀-၄-၂၀၂၅ ရက်က ကဏ္ဍအလိုက် တာဝန်ပေးအပ် ထားပြီးဖြစ်တဲ့ အတွက် လျာထားချက်ပြည့်မီကျော်လွန်အောင် အကောင်အထည် ဖော်နိုင်ရေးကို ယခုလို ဘဏ္ဍာနှစ် အစကတည်းက အားထည့်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍအနေနှင့် ၂၀၂၅-၂၀၂၆ခုနှစ် တွင်သီးနှံစိုက်ဧရိယာ ဒေသလျာထား(၆၅)သိန်းကျော် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး အတွက် စိုက်ဧရိယာ/အထွက်နှုန်း လာမည့်မိုးရာသီ သီးနှံကပင် အသားတင် စိုက်ဧရိယာအားလုံး ပြည့်မီကျော်လွန်သည့် အပြင် သီးထပ်၊ သီးညှပ်များ အပြည့်အဝ စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိကြဖို့လိုအပ်ကြောင်း၊ ဒါ့ပြင် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဇုန်တွင် ဧကကွက်များဖော်ထုတ်ခြင်း၊ ရေရရှိရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည့် ဆက်စပ်လုပ်ငန်း များအား သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း၍ လာမည့် မိုးသီးနှံအမီ စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ကို တိုက်တွန်း ပြောကြားလိုပါကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင် မြေပေါ်တွင် ဥစားကြက်မွေးမြူရေး ဇုန်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများဖြစ်သည့် မြေပြုပြင်ခြင်း၊ ရေ/မီး၊ လမ်းဖောက်လုပ်ခြင်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများ အမြန်ပြီးပြတ်ရေး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အားထည့် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ သက်ဆိုင်ရာဌာနမှလည်း မွေးမြူရေးလုပ်ငန်းရှင်များနှင့် စဉ်ဆက်မပြတ် ပေါင်းစပ်ကြပ်မတ်၍ ကြက်မွေးမြူနိုင်ရေးလုပ်ငန်းများ အမြန်အကောင် အထည်ပေါ်အောင် ဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်ကြဖို့ကို ပြောကြားလိုကြောင်း၊ ဆက်လက်၍ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း (၅)ခရိုင်တွင် တစ်ရွာလျှင် နှစ်ဧကနှုန်း သစ်တော စိုက်ခင်းများနှင့် လမ်းဘေး ဝဲယာ(၃)ပင်တန်း အပင်များစိုက်ပျိုးခဲ့တာရှိကြောင်း၊ ယခုအချိန်မှာ ပူပြင်းခြောက်သွေ့ရာသီ ရောက်လာပြီဖြစ်တဲ့အတွက် စိုက်ပျိုးပြီးစီးသည့် အပင်များအား ရာနှုန်းပြည့် ရှင်သန်စေရေး သက်ဆိုင်ရာဌာနများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလည်း ပူးပေါင်း၍ အထူးအလေး ထားဆောင်ရွက်သွားရန်နှင့် သေပင်များအား တစ်ပင်သေ တစ်ပင်ဖာစနစ်ဖြင့် ပြန်လည်ဖာထေး စိုက်ပျိုး ဆောင်ရွက်သွားကြဖို့ သက်ဆိုင်ရာဌာနများအား မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးနိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် ပတ်သက်ပြီးဆောင်ရွက်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအတွက် ရရှိတဲ့ အရင်းမပျောက်မတည်ငွေ ကျပ်(၁၀)ဘီလီယံကို ပထမအကြိမ်ထုတ်ချေးပြီး ပြန်လည် ကောက်ခံရရှိတဲ့ အရင်း/ အတိုးငွေကို ဆက်လက်မတည် ရင်းနှီးထုတ်ချေးလျက်ရှိပါကြောင်း၊ ၂၅-၄-၂၀၂၅ ရက်အထိ အတိုးရငွေ စုစုပေါင်းမှာ ကျပ်(၉၁၆.၁၆၃)သန်းဖြစ်ပြီး၊ စဉ်ဆက်မပြတ် ထုတ်ချေး ပေးနေတာဖြစ်သော်လည်း အရင်းမပျောက် မတည်ငွေဖြစ်တဲ့အတွက် အရင်းမဆုံးရှုံးဖိုတော့ လိုအပ်ပါကြောင်း၊ သဘာဝဘေး အနေဖြင့် အားလုံးသိအောင်ပြောရရင် မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော် ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား မိမိတို့တိုင်း ဒေသကြီးအနေဖြင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေး/ဖွံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်းလူအင်အား(၄၁၀)ဦး၊ ယာဉ်(၂၈)စီး၊ သွေး(၄၇၂)အိတ်တို့အား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် နေပြည်တော်ကောင်စီနယ် မြေမှာ နေ့စဉ် ထမင်းဗူး(၁ဝဝ)ကို (၁-၄-၂၀၂၅)ရက် မှ စပြီး ယနေ့အထိ နေ့စဉ်ဝေငှပေးလျက် ရှိပါကြောင်း၊ ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်(၈၄၅၄.၄၁)သိန်းရရှိပြီး၊ ဆက်လက်ပြီးတော့လည်း လှူဒါန်းသွားမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာ မီးလောင်သည့် အကြိမ်ပေါင်း(၈၂)ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှု အနေဖြင့် အိမ်ခြေ အဆောက်အဦ (၇၄၉)လုံး၊ စက်ရုံ/ အလုပ်ရုံ/ ဂိုဒေါင်(၁)ခု၊ လူသေဆုံးမှု (၄)ဦး၊ ဒဏ်ရာရ(၈)ဦး၊ မီးဘေးသင့်ပြည်သူ(၂၆၅၈)ဦး၊ တိရစ္ဆာန်(၁၆၄)ကောင်၊ ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၅၉၃. ၃၀၄)သန်းရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ တိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မီးသတ်ဦးစီးဌာနက နေ့/ညမပြတ် စစ်ဆေးခြင်း၊ သက်ဆိုင်ရာ အသိပေး လှုံ့ဆော်ခြင်းများလုပ် ဆောင်ပြီး ဌာနများအားလုံးကလည်း မိမိတို့ဌာနများအလိုက် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး သက်သာ ချောင်ချိရေး အတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးသည် စီးပွားရေး မဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေး အားကောင်းမှ သာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံစီးပွားရေး အားကောင်းအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလို ကြောင်းဖြင့် ပြောကြား သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲ များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း