မကွေး မေ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ မေလ ၂ ရက်နေ့ နံနက်ပိုင်းက မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင် မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေး ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင်(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ဖန်ခါးမြေ ဘိုးဘွားရိပ်သာအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင် အင်အား(၁၂၀)ခန့်ဖြင့် ဆောင်ရွက်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးကာ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာ မုန့်၊ အချိုရည်များနှင့် သောက်ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ပြီး၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးဆောင်ရွက်နေမှုကို ကြည့်ရှု၍ ဘိုးဘွားများအား အားပေးစကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် ဖြစ်သည့် မကွေး တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဂုဏ်ပြုသွေးလှူဒါန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား အားဖြည့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး စသည်တို့ လုပ်ဆောင်လျက်ရှိပြီး၊(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဘုရား၊ စေတီ၊ ပုထိုးများ တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများအား အာဟာရဒါန ကျွေးမွေးခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအပြင် (၇၉)နှစ်မြောက် မကွေးမြို့ မဟာဝိသုတာရာမ တောင်စာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မကွေးမြို့ မဟာအောင်မြေဝိဇယ ပတ္တမြားဘုရားကြီး တည်ထားကိုးကွယ် ရန်အတွက် နဝကမ္မ အလှူငွေ ကျပ်သိန်း (၂၀)ထည့်ဝင် လှူဒါန်းခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ မေလ ၅ ရက်နေ့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ်အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။