မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကဆုန်လပြည့်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကဆုန်လပြည့်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး    မေ   ၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန် ညောင်ရေသွန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက် နံနက် ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိ သူများနှင့် မကွေးမြို့ပေါ်မှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီး ကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တစ်ခုအပါ အဝင်ဖြစ်သော ကဆုန်လပြည့်နေ့သည် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာတွင် ဆွမ်း၊ ဘောစဉ်များ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများအား ကျင်းပ လျက်ရှိသည့်နည်းတူ၊ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲများအား ကျင်းပဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းနှင့် စာသင်တိုက် အသီးသီးမှ သံဃာတော်များကို လောင်းလှူသွားမည်ဖြစ်၍ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မကွေးမြို့ မြသလွန်ဘုရားရင်ပြင် တော်တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော် မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီများမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

 

          အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင် များပူးပေါင်းကာ ၁၃၈၇ ခု၊ ကဆုန်လပြည့်၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းမှ သံဃာတော် (၉၈)ပါးနှင့် သီလရှင်ကျောင်း(၂၄)ကျောင်းမှ သီလရှင်(၂၄)ပါး၊ စုစုပေါင်း(၁၂၃)ပါးတို့အား ဆွမ်းဆန် စိမ်းလောင်းလှူသွားမည်ဖြစ်ပြီး၊ နှစ်စဉ် ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲကို မကွေးမြသလွန် ရင်ပြင်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း