မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ စိုက်ကွင်းများသို့ စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ စိုက်ကွင်းများသို့ စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး    မေ     ၁၁

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ မေလ ၉ ရက်နေ့နံနက်ပိုင်းက  အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများသို့ စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံ တောင်သူများ နှင့် တွေ့ဆုံခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည်  ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိစဉ် စီမံကိန်း ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ ဆည်ရေ ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ ၊ မိုး ၊ ဆောင်း ရာသီမပြတ် မြေပဲ ၊ နှမ်း ၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို အားထားစိုက်ပျိုးကြဖို့၊ ရေသောက် ဧရိယာရှိ စိုက်ပျိုး လယ်မြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိတဲ့အတွက် ဒေသခံတောင်သူများ အနေနဲ့ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာ သုံးစွဲနိုင်ရန်အတွက် ရာသီ အလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံစိုက်ပျိုး ရာမှာလည်း ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ် သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ကွင်းဝန်ထမ်း တွေက စိုက်ရေးပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင် ဆောင်ရွက်ပေးနေသလို ဒေသခံရပ်မိရပ်ဖများအနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာနနှင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်းလာကာ  ရပ်ရွာ တိုးတက်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ၊ ဒေသခံတောင်သူ များ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း မြစ်ရေ တင်စီမံကိန်းမှ စိုက်ပျိုးရေဖြင့် စိုက်ပျိုးထားသည့် စိုက်ကွင်းများနှင့် ညံတောအင်းကျေးရွာ ကွင်းအမှတ်(၃၈၄)ရှိ တောင်သူ ဦးဝင်းညွှန့်၏ လယ်ယာမြေဧက(ဝ.၇၈)ဧက စိုက်ပျိုးဖြစ်မှုတို့ကို ကြည့်ရှုအားပေးကာ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံတောင်သူများနှင့် တာဝန်ရှိ သူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း