မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေး အားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး အထိမ်းအမှတ် ပိုစတာ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေး အားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး အထိမ်းအမှတ် ပိုစတာ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး     မေ      ၁၅

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေ သကြီးပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြား  ရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အတွက်  ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့  မြေစိုက် ပိုစတာဆိုင်းဘုတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွေးနံ့ သာရည်ပက်ဖြန်း‌ပေးကာ အခမ်းအနား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းသား/ကျောင်းသူများအား မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံ ကြရန်၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံ ပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေး အခွင့် အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် ကျောင်းသားအားလုံး ကို မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်းစာအုပ်၊ စာရေးကရိယာများ၊ ဗလာစာအုပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ် စုံ(၁)စုံစီအား အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း