မကွေး မေ ၁၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၁၆ ရက် ယနေနံနက် ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူ များနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ရေပုတ် ကျေးရွာ၊ ကွင်းအမှတ် ၁၂၃၇(ခ) သို့သွားရောက်ပြီး တောင်မန်းမြောင်းမကြီး ပေတိုင် ၇၇၁၅၀ ရှိ ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး တင်ပြမှုများအပေါ် ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ တောင်သူများ စိုက်ပျိုးရေ ရရှိရေးအတွက် ရေပေး/ရေချ အဆောက်အဦ ဆောင်ရွက်ပေးနိုင်ရေး ဆည်းမြောင်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး-စကု ကားလမ်းဘေး မိုင်တိုင်အမှတ် (၇/ဝ)ရှိ ရေပုတ်ကျေးရွာ၊ ကွင်းအမှတ် ၁၂၃၇ (က)သို့ရောက်ရှိပြီး ဆီထွက်သီးနှံအဖြစ် နွေနှမ်းစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ မင်းဘူး(စကု)မြို့နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ ရာသီအလိုက် သီးနှံစိုက်ပျိုးထားရှိမှု၊ နွေနှမ်းများ စိုက်ပျိုးပြီးစီးမှုနှင့် စိုက်ပျိုးရေ ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီရှင်လင်းဆောင် တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ စိုက်ပျိုးနည်း စနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ပြီး အသုံးပြုစိုက်ပျိုးရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ နွေးနှမ်းများ စိုက်ပျိုးရာတွင်လည်း ရာသီဥတု ဒဏ်ခံနိုင်ရန်နှင့် စိုက်ပျိုး ရေအစိုဓါတ် လုံလောက်မျှတ ကောင်းမွန်စွာရရှိရန် စိုက်ကွင်းများအတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကိုလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ တွင်သာ အကျိုးရှိရှိ အသုံးချဆောင်ရွက်ရေးပြောကြားကာ၊ ဒေသခံတောင်သူများ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက် တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ တက်ရောက်လာသော ဒေသခံ တောင်သူများအတွက် သစ်စိမ်း မြေဩဇာ ပိုက်ဆံလျော် မျိုးစေ့များပေးအပ်ပြီး၊ ရေပုတ်ကျေးရွာ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာဆောင်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။