မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ နွေရာသီအားလပ်ရက် အခြေခံကွန်ပျူတာ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်...

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ နွေရာသီအားလပ်ရက် အခြေခံကွန်ပျူတာ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်...

မကွေး   မေ   ၂၃

          မကွေးမြို့ နွေရာသီအားလပ်ရက် အခြေခံကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား

ကို မေလ ၂၃ ရက် ယနေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချပေး သည့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နွေရာသီအားလပ်ရက် အခြေခံကွန်ပျူတာ သင်တန်းကို(၂၈.၄.၂၀၂၅)ရက်နေ့က စလို့ ယနေ့(၂၃.၅.၂၀၂၅)ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းပြီး (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့တဲ့ သင်တန်း ပြီးမြောက်ပြီဖြစ်လို့ သင်တန်းဆင်းလက်မှတ် ပေးအပ်တဲ့ အခမ်းအနားဖြစ်ပါကြောင်း၊ ဒီသင်တန်းမှာ Grade - 4 က စပြီး အခြေခံကွန်ပျူတာပညာရပ်တွေကို စိတ်ဝင်စားလို့ လာရောက် တက်ရောက်ကြတဲ့ သင်တန်းသား၊ သင်တန်းသူ (၆၀)ဦး ရှိတယ်လို့ သိရပြီး၊ လူငယ်တွေပီပီ ပညာရပ်အပေါ် စိတ်ဝင်တစားနဲ့ ကြိုးစားသင်ယူတယ်ဆိုတာ သိရတဲ့အတွက် မကွေးတိုင်းဒေသကြီးရှိ လူငယ်တွေရဲ့ ပညာရပ်ဆိုင်ရာ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါကြောင်း၊ #ယခုလို နွေရာသီ အားလပ်ရက်အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး ကြိုးစားသင်ယူခဲ့ခြင်းဟာ သင်တန်းသား၊ သင်တန်းသူ၊ သားတို့၊ သမီးတို့အနေနဲ့ နည်းပညာနဲ့ စူးစမ်းလေ့လာလိုစိတ်တွေ တိုးမြင့်လာပြီး သင်ယူမှု ကနေစလို့ စဉ်းစားနည်း၊ ပြဿနာဖြေရှင်းနည်းများ အပါအဝင် အထောက်အကူဖြစ်စေမယ့် Critical စွမ်းရည်တွေပါ တိုးတက်လာစေမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် တစ်ချိန်မှာ အဆင့်မြင့်ပညာရပ်တွေကို မလွဲမသွေသင်ယူ ရမယ့်သူတွေဖြစ်လို့ ယခုလို အခြေခံ ကွန်ပျူတာသင်တန်း တက်ရောက်ရခြင်းဟာ ပထမခြေလှမ်း တစ်ခုဖြစ်သလို အနာဂတ်မှာ နည်းပညာနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း အခက်အခဲမရှိ သင်ကြားနိုင်မှာဖြစ်တဲ့အတွက် သင်ကြားပြီးတဲ့ သင်ခန်းစာတွေ အပေါ် တန်ဖိုးထားပြီး အချိန်ရရင်ရသလို ကိုယ်တိုင် ဆက်လက် ကြိုးစား လေ့လာသွားကြစေလို ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ကျောင်းသား၊ကျောင်းသူလေးများက တယောာတေးဂီတဖြင့် တီးခတ်ဖျော်ဖြေ ခဲ့ပြီး၊ သင်တန်းတွင် အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့်များတွင် ထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။

          ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးက သင်တန်းသား၊ သင်တန်းသူများ အားသင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက သင်တန်း နည်းပြများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

 

          အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် Basic ICT အခြေခံကွန်ပျူတာနှင့် ပတ်သက်သည့် ပညာရပ်များအား သင်ကြားခြင်း၊ Microsoft Word စာစီစာရိုက်ခြင်းများ၊ Microsoft Excel ကွန်ပျူတာဖြင့် စာရင်းဇယားများ ရေးဆွဲခြင်း၊ PowerPoint ဖြင့် Presentation ပြုလုပ်ခြင်းနှင့် Internet အသုံးပြုပြီး မိမိတို့သိရှိလိုသော အရာများကို ရှာဖွေလေ့လာခြင်း စသည့် ပညာရပ်များကို (၄)ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း