မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်း

မကွေး ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက် ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာတို့၏ ရှိရင်းစွဲ သက်ကြီးရွယ်အိုများအပေါ် ထားရှိသည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်အောင် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်း

ရှေးဦးစွာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး အား ဦးထိပ်ထား၍ သက်ကြီးဘိုး/ဘွား များအား လက်အုပ်ချီမိုး ကန်တော့ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက အဘိုးအဘွားများထံ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

မကွေးမြို့ ဖန်ခါးမြေဘိုး/ဘွားရိပ်သာမှ အဘိုး(၆)ဦး၊ အဘွား(၁၈)ဦး၊ စုစုပေါင်း အဘိုး (၂၄)ဦးတို့အား အလှူငွေ(၇၂၀၀၀၀/ိ-)ကျပ်နှင့် ကျွန်းခုံ(၁၅)ခုံ ငွေသားနှင့်ကန်တော့ပစ္စည်းများ လှူဒါန်းခဲ့ရာ အဘိုး/အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင် ဆုပေးစကား ပြန်လည် ပြောကြားခဲ့သည်။ 

ထို့နောက် စေတနာ သဒ္ဓါတရားပွားများနိုင်ရန် အဘိုး/ အဘွားများအား ကန်တော့သည့် ပစ္စည်းနှင့်ငွေတန်ဘိုးများကို ဖတ်ကြားကာ အခမ်းအနားသို့ ကြွရောက်လာကြသော အဘိုးအဘွား များနှင့်တကွ ပရိတ်သတ်အပေါင်းတို့မှ "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း