မကွေး မေ ၃၁
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီတော် မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့ အစည်းများ စုပေါင်း၍ မကွေးမြို့ မြသလွန် စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ် တကျ သိမ်းဆည်း စွန့်ပစ်ခြင်းစသည့် သန့်ရှင်ရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နင်းရေးအဖွဲ့ (ရပကန)နှင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ၊ မကွေး မြို့နယ်၊ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန် တုပ်ကွေးရောဂါကာကွယ် ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်းများ ပြုလုပ် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
အဆိုပါ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြသလွန်ဘုရားကုန်းတော်မှ သီလရှင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် ခြင်လောက်လန်းများသေဆေး Abate ခတ်ခြင်း များဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြသလွန်ဘုရားကုန်းတော်မှ သိရီစန္ဒာရုံသီလရှင်ကျောင်းသို့ ရောက်ရှိပြီး၊ သိရီစန္ဒာရုံသီလရှင်ကျောင်း စာသင်တိုက်ရှိ သီလရှင် များအား ဆွမ်းဆန်(၃၁)အိတ် အား ဆက်ကပ်လှူဒါန်းကာ၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။