မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဇွန် ၂

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂ ရက် ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးတို့ တက်ရောက်ခဲ့သည်။

          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အလွယ်တကူ မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM များ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလာဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံ ခင်းကျင်းမှု ပုံစံအတိုင်း လက်တွေ့ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု ပုံတို့ကို အသေးစိတ် ရှင်လင်းပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် ဖိတ်ကြားထားသူများအား လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့သည်။

          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်တို့သည့် မကွေးပညာရေးဒီဂရီကောလိပ်၌ မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ၊ တက်ရောက်လာသည့် ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူ(၂၀၀)ဦးခန့်တို့အား လက်တွေ့စမ်းသပ်မဲပေး စေခြင်းများ ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။

 

 

          အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် မကွေးတိုင်း ဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးအသင်းအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များမှ သင်တန်းသား/သင်တန်းသူ(၇၀)ဦး၊ စုစုပေါင်းအင်အား (၁၁၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း