မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး ဇွန်  ၅

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို၊ မြိုတော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

          ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ မြှင့်တင်ရန်နှင့် အနာဂတ် ကာလမှာ ကျရောက်လာနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများက နိုးကြား သိမြင်လာစေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမဲ့ သဘောတူညီချက်တစ်ခု ထွက်ပေါ်လာစေရန်အတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်လာစေဖို့ နှိုးဆော်တဲ့ အနေနဲ့ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး”(Ending Plastic Pollution Globally) အဖြစ်သတ်မှတ်ပြီးကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူကျွန်းကအိမ်ရှင် အဖြစ် လက်ခံကျင်းပမှာ ဖြစ်ကြောင်း ၊ ဂျယ်ဂျူကျွန်းဟာဆိုရင် ၂၀၄၀ ပြည့်နှစ်မှာ ပလတ်စတစ် ညစ်ညမ်းမှု ကင်းစင်လာစေရန် ကိုရီးယား သမ္မတနိုင်ငံရဲ့ မူဝါဒပိုင်းဆိုင်ရာ ကြိုးပမ်းမှုကို ဦးဆောင်လျက်ရှိပြီး တစ်ခါသုံးခွက်များ ပြန်လည်အပ်နှံ တဲ့စနစ်ကို ပထမဆုံး စတင်ကျင့်သုံးခဲ့သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ မကွေးမြို့ကို ပလတ်စတစ် ကင်းစင်တဲ့ မြို့တစ်မြို့အဖြစ် ပလတ်စတစ်ကင်း စင်ရေး လှုပ်ရှားဖော် ဆောင်နိုင်ရေးအတွက် ဈေးဆိုင်များနဲ့ ဈေးဝယ်ပြည်သူတွေကို အသိပညာပေး လက်ကမ်းဆောင်ရွက်မှုအနေနဲ့ လူစည်ကားရာနေရာများဖြစ်တဲ့ ဈေး(၅)ဈေးမှာ စာစောင်များနှင့် ပလတ်စတစ် အစားထိုးအိတ်များ (Recycle Bag) အခမဲ့ ဖြန့်ဝေခြင်းများကို အသိပညာပေးကာလ (၃)လအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးတော့ တိုင်းဒေသကြီးအတွင်းမှာ ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှား ဆောင်ရွက်မှုများကို အစဉ်တစိုက် ဆောင်ရွက်ရာမှာလည်း ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အစိုးရအဖွဲ့အစည်းများ သာမက စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေကို ထည့်သွင်း ပေါင်းစပ်ဆောင်ရွက် ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေတဲ့ မူဝါဒ၊ ရည်မှန်း ချက်တွေနဲ့အညီ ခေတ်နဲ့လျော်ညီတဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အစီအစဉ်များကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခင်နှစ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော (နေရာဒေသ)ကျေးရွာဆုကို မကွေးခရိုင်၊ မကွေး မြို့နယ်၊ ရှားစောင်းကန်ကျေးရွာ အုပ်စု၊ သံဘိုရွာသစ် ကျေးရွာမှ ကျေးရွာဆု ရရှိခဲ့သလို ယခုနှစ်တွင် လည်း မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လှည်းကြီးကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း(လှည်းကြီး)က အမျိုးသားအဆင့်(ပြည်ထောင်စု)တွင်လည်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (မူလတန်း အဆင့်)မှာ “ဒုတိယဆု” ရရှိတဲ့အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလို ပါကြောင်း၊ ဒါကြောင့် ရေရှည်ဖွံဖြိုးပြီး အနာဂတ် မျိုးဆက်များအတွက် ပတ်ဝန်းကျင် အခြေအနေ ကောင်းတွေ လက်ဆင့်ကမ်းပေးနိုင်ဖို့၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန် သော ဂေဟစနစ်ကို ထိန်သိမ်းရေးအတွက် မိမိတို့တတ်နိုင်တဲ့ အပိုင်းကနေ ဖြစ်နိုင်သမျှ တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားသည်။

          ထိုနောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗွီဒီယိုပြသခြင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗွီဒီယိုပြသခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video Click ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောဆုရ ကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆုနှင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အခြေခံပညာအလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အထိမ်းအမှတ် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရရှိသူများနှင့် အမှတ် တရဓာတ်ပုံများရိုက်ကူးခဲ့ပြီး၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ခင်းကျင်း ပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း