မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

မကွေး ဇွန် ၂၀

          မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦး အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်း မြင့်အေး၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွဲနေမှုများကို ကြည့်ရှုအား ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးပေးကာ၊ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျောဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟု သုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်း ရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/ စာပေဆိုသည့်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ် ပညာဗဟုသုတ များကို အချင်းချင်းလက်ဆင့်ကမ်း မျှဝေကြမည်ဆိုပါက ကောင်းမွန်သည့် လူ့ဘောင် အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။

          ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ် သည့်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ အား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြတ်ကလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက လည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေး ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လည်းကောင်း ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မိုင်ဆွန်ခ”သီးချင်းနှင့် “ဇာတိမာန်”သီချင်းများကို စုပေါင်းသီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပြစ် ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်း စကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများအပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးကိုဖော်ကျူးသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားခဲ့သော “ သူ့ကျွန်မခံပြီ” စာအုပ် အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ်လေ့လာသင်ယူရေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။

          ဆက်လက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အစီအစဉ် ဒုတိယ ပိုင်းကို ဆက်လက်ကျင်းပရာ မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျောဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟု သုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်း ရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/ စာပေဆိုသည့်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ် ပညာဗဟုသုတ များကို အချင်းချင်းလက်ဆင့်ကမ်း မျှဝေကြမည်ဆိုပါက ကောင်းမွန်သည့် လူ့ဘောင် အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။

          ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ် သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ အား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြတ်ကလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက လည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လည်းကောင်း ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် မင်းဘူးမြို့အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မိုင်ဆွန်ခ”သီးချင်းနှင့် “ဇာတိမာန်”သီချင်းများကို စုပေါင်းသီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပြစ် ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်း စကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများအပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးကိုဖော်ကျူးသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားခဲ့သော “ သူ့ကျွန်မခံပြီ” စာအုပ် အပေါ် ကျောင်းသား/ ကျောင်းသူများက အမြဲမပြတ်လေ့လာသင်ယူရေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း