မကွေး ဇွန် ၂၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၃ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်း ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် အမျိုးသမီး(၃) ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် သရက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေ မှုကိုလည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပခုက္ကူခရိုင်အသင်းနှင့် မင်းဘူးခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း ကြည့်ရှုအားပေးရာ အမျိုးသမီးဗိုလ်လု ပွဲတွင် မကွေးခရိုင်အသင်းက လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲတွင် မင်းဘူးခရိုင်အသင်းက လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး နောက်ထိန်း၊ ပင့်ထောင်နှင့် ရိုက်ခုတ်ဆုရရှိသူများအား ဆုကလပ်နှင့် ငွေသားဆု ကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော် ခြင်းပြိုင်ပွဲ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ပြီး၊ အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပထမဆုရရှိသော မင်းဘူးမြို့နယ်အသင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဆုရရှိသော မကွေးခရိုင်အသင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို အသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အဆိုပါ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျင်းပ ခဲ့ပြီး၊ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။