မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့် အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့် အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၇

          ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်နှင့် အောက်အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက် ယနေ့ နံနက် ၉ နာရီခွဲ က မကွေးတိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသောမျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေ ရန်နှင့် လာမည့် ဩဂုတ်လ (၂၀)ရက်နေ့ကနေ (၂၇)ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်မဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အသက်(၂၅)နှစ်အောက်ဖူဆယ်ပြိုင်ပွဲကို မကွေးတိုင်း ဒေသကြီးအနေနဲ့ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ တိုင်းဒေသကြီးလက်ရွေးစင် ရွေးချယ်ပွဲတစ်ရပ်အနေနဲ့ ရည်ရွယ်ပြီး ကျင်းပပေးတာဖြစ်ပါကြောင်း၊ ပြီးခဲ့တဲ့ MFF Amateur FUTSAL CUP 2024 မှာဆိုရင် မကွေး တိုင်းဒေသကြီးကိုယ်စားပြု RPG အသင်းဟာ ပထမဆုဖလားကြီးကို ထိုက်တန်တဲ့ခြေစွမ်းနဲ့ အနိုင်ရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးရဲ့ ဖူဆယ်အားကစားကို တစ်ခေတ်ဆန်းစေခဲ့ကြောင်း၊ ဒီနှစ်မှာလည်း ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ IMANE AMATEUR FUTSAL CUP 2025 ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြု KYAW LU FC အသင်းသွားရောက်ယှဉ်ပြိုင်ခဲ့တာမှာလည်း ပြိုင်ပွဲဝင် အသင်းပေါင်း (၅၀) ယှဉ်ပြိုင်ကြတာမှာ (၁၆)သင်းရှုံးထွက် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာ အဆင့်(၁၁)ရရှိခဲ့ တယ်လို့ သိရလို့ မကွေးတိုင်းဒေသကြီးဟာ ဖူဆယ်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာ အဆင့်အတန်း တစ်နေရာကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဖူဆယ် အားကစားနည်းသည် တစ်ဦး၊ တစ်ယောက်ကောင်း ကစားရသည့် အားကစားနည်းမျိုးမဟုတ်ပဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက် မိမိ ယှဉ်ပြိုင်ကစားရသော အားကစား နည်းဖြစ်ကာ လူအနည်းငယ် နှင့် စုဖွဲ့ယှဉ်ပြိုင် ကစားရသည့် အားကစားနည်းဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ လူငယ်တိုင်းနီးပါး စိတ်ပါဝင်စားသည့် အားကစား နည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဖူဆယ်အားကစားနည်းကို ဆက်လက်အောင်မြင်မှုများ ရရှိစေရေး ရေရှည်အစီအမံများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားကာ၊ “၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဖူဆယ် ပြိုင်ပွဲ”ကို စတင် ဖွင့်လှစ်ပေးခဲ့သည်။

          ဆက်လက်၍ အားကစားသမားများက သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ၊ ဖွင့်ပွဲအခမ်းအနားမှ ဆားစည့်ကျောင်း ဘင်ခရာအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့် အောက် အမျိုး သား ဖူဆယ်ပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ပခုက္ကူခရိုင်အသင်းနှင့် အောင်လံခရိုင်အသင်းတို့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့် အောက်အမျိုးသား ဖူဆယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းမှ ခရိုင်(၆)ခရိုင်မှ အသင်း(၆)သင်းက အုပ်စုပတ်လည်ကစား၍ ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲ အခမ်း အနားကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည် ။

နောက်ဆုံးရ သတင်း