မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး သြဂုတ် ၃

          မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course (၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက မကွေး မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရာသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီတစ်ပတ်သင်တန်းဟာ Advanced Course ဖြစ်တဲ့အားလျော်စွာ သင်ကြားတဲ့ဘာသာရပ်တွေဟာ အခြေခံထက် တစ်ဆင့်မြင့်တဲ့ Online Collaboration ကို ဦးတည်သင်ကြား ပေးခဲ့တာလည်း ဖြစ်ပါကြောင်း၊ တစ်ဖက်ကကြည့်ရင် တစ်ဆင့်မြင့် နည်းပညာရပ်တွေကို တတ်မြောက်ထားခြင်းဟာ မိမိလုပ်ငန်းခွင်အတွက် ပိုမိုမြန်ဆန်ပြီး လုပ်ငန်း တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ကွန်ယက်စနစ်ကို အသုံးပြုရတာဖြစ်တဲ့အတွက် မိမိလုပ်ငန်း တွေဟာ အရေးကြီးရင် ကြီးသလို လုံခြုံမှုရှိဖို့ဟာလည်း အလွန်အရေးကြီးတာကြောင့် Cyber Securityနဲ့ ပတ်သက်တဲ့ Knowledge တွေနဲ့ ဆောင်ရွက်ရမယ့် အစီအမံများကိုလည်း လိုက်နာဖို့လိုအပ်မှာ ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းသုံး ကွန်ပျူတာတွေရဲ့ လည်ပတ်မှုစနစ် Operation System တွေလို Update လုပ်ဖို့၊ Antivirus စနစ်တွေကို Update လုပ်ဖို့၊ အင်တာနက်နဲ့ ချိတ်ဆက်ရန် မလိုအပ်တဲ့စက်ပစ္စည်းတွေ ကွန်ပျူတာတွေကို သတ်သတ်မှတ်မှတ် သီးခြားထားရှိဖို့၊ အရေးကြီး အချက်အလက်များ သိမ်းဆည်းရာ မှာလည်း ဝှက်စာသွင်းစနစ်၊ Passwordများဖြင့် အသုံးပြုသိမ်း ဆည်းဖို့၊ e-mail များဖြင့် ရုံးလုပ်ငန်းများ ပေးပို့ဆောင်ရွက် ကြရာတွင်လည်း 2 Steps Verification ကို အသုံးပြုကြဖို့နဲ့ အရေးကြီး အချက် အလက်များကို ပုံမှန် Backup ပြုလုပ် သိမ်းဆည်းထားကြဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ပြောကြားလိုပါ ကြောင်း၊ ယနေ့ ဖွင့်လှစ်ပေးခဲ့တဲ့ ကွန်ပျူတာ ကျွမ်းကျင်မှု Advanced Course (၁/၂၀၂၅) သင်တန်း ကိုတက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူများ သင်ယူရသည့် အတတ်ပညာများကို လုပ်ငန်းခွင်မှာ တိုက်ရိုက်အသုံးချနိုင်ဖို့နဲ့ မိမိ ကိုယ်တိုင် ကောင်းမွန်သော အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံတစ်ခုအဖြစ် ဖော်ဆောင်နိုင်ကြ မယ်လို့လည်း မျှော်လင့်ပါကြောင်းနှင့် ဒီပညာရပ်တွေနဲ့ မိမိတို့ရဲ့ရုံးလုပ်ငန်းတွေကို အချိန်မီ ပြီးစီးဖို့၊ တိကျမှန်ကန်ဖို့အပြင် ရုံးပိုင်းဆိုင်ရာ လျှို့ဝှက်သင့်သည့် ကိစ္စရပ်များအပေါ်တွင်လည်း ဂရုတစိုက်နဲ့ အရေးကြီးသတင်း အချက်အလက်များ ပြင်ပသို့ မကျိုးပေါက်စေရေး ဝန်ထမ်းများရဲ့ အားနည်းချက ကြောင့် မကျိုးပေါက်ရေးသည် သစ္စာရှိမှုအပေါ်မှာ မူတည်ပြီး နည်းပညာရပ်ကြောင့်လည်း မကျိုးပေါက် စေရေး ညွှန်ကြားချက်များအတိုင်း အလေးထား လိုက်နာဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

          ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ပေးပြီး၊ သင်တန်းဆင်းလက်မှတ်များအား တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ချီးမြှင့်ပေးအပ်ကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးခဲ့သည်။

          အဆိုပါ သင်တန်းကို(၂၁-၇-၂၀၂၅) ရက်နေ့မှ (၁-၈-၂၀၂၅) ရက်နေ့အထိ ရက်သတ္တ(၂) ပတ် ကြာပို့ချကာ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း