မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲ တက်ရောက်၊ မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲ တက်ရောက်၊ မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး သြဂုတ် ၁၁

          သြဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲကို သြဂုတ်လ ၁၁ ရက် ယနေ့နံနက် ၆ နာရီခွဲက တိုင်းဒေသကြီး အားကစား ကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌ တော်များ၊ လူငယ်/မောင်မယ် အားကစားသမားများ တက်ရောက်ခဲ့ ကြသည်။

          ဦးစွာ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲကို တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အားကစား သမားများ Micro မာရသွန် ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးကာ၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်း အမှတ် Micro မာရသွန်ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆုများ အသီး သီးချီးမြှင့် ပေးခဲ့သည်။

          အဆိုပါ Micro မာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သြဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား၌ ဆုများ အသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ ယနေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံ တောင်သူများ နှင့် တွေ့ဆုံခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး (ငွေလုံးငွေရင်း) အထွေထွေပိုလျှံ ရန်ပုံငွေ (၂၂၃၇.၀၆၆) သန်းဖြင့် ဆောင်ရွက်သည့် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး)လမ်း မိုင် ၂၂/၆-၇၉/၄= ၅၆ မိုင် ၆ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မူလလမ်း ၁၈' အကျယ်မှ ၂၄’ အကျယ် ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ ယာယီ ရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာအချက် အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေ သကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်း သတ်မှတ် ချက်များ၊ အရည်အသွေးများပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေးတို့အတွက် ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသော လမ်းများသည် ဒေသတွင်းကျေးရွာများမှ လမ်းဦးစီးဌာနပိုင် လမ်းမကြီးများသို့ တိုက်ရိုက် ဆက်သွယ် သော လမ်းများဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် လမ်းအဆင့် မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရာသီမရွေး သွားလာနိုင်သည့် Pave Road များအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လမ်းတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းရေရှည် တည်တံ့ခိုင်မြဲစေရန် လမ်းဘေးရေထုတ် မြောင်းများ စနစ်တကျ တူးဖော်ခြင်း၊ လိုအပ်သည့် နေရာများတွင် ရေထုတ်ပြွန် (သို့မဟုတ်) Box Culvert များ ထည့်သွင်းတည်ဆောက်ခြင်း၊ လမ်းပုခုံးများ တောင့်တင်းအောင် ပြုလုပ်ခြင်း၊ လမ်းတည်ဆောက် ပြီးသွားပါက တန်ပိုယာဉ်များ သွားလာမှု မရှိစေရန် ကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားကာ၊ မကွေးမြို့နယ် ကန်ပြားကျေးရွာအုပ်စု ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လိုအပ်သည်များ မေးမြန်းကာ၊ ဒေသခံများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း