မကွေး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ (၂၅)နှစ်ပြည့် ငွေရတု မှတ်တိုင်ဖွင့်ပွဲနှင့် The 6th ICT Project Competition & Show, 2025” အခမ်းအနားကို စက်တင် ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ် ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(မကွေး) (၂၅)နှစ်ပြည့် ငွေရတုမှတ်တိုင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ The 6th ICT Project Competition & Show, 2025” အခမ်းအနားကို ကွတ်ပျူတာတက္ကသိုလ်(မကွေး)ဘွဲနှင်းခန်းမ၌ ကျင်းပရာ ကျောင်းသား၊ကျောင်းသူများက သိပ္ပံနှင့် နည်းပညာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ တွင် အစိုးရကွန်ပျူတာ ကောလိပ်(မကွေး)အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးရုံးတွင် တွဲဖက်၍ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် မြသလွန် ဘုရားအရှေ့ မြောက်ဘက်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာသို့ ပြောင်းရွှေ့ဖွင့် လှစ်ကာ၊ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်နေ့မှာ တက္ကသိုလ် အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့တယ်လို့ သိရကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီ(၂၃) ရက်နေ့မှစပြီး မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စု၊ မကွေး-တောင်တွင်းကြီး ကားလမ်းဘေး ယခုလက်ရှိ ပင်မသုံးထပ်ဆောင် စာသင် ဆောင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တယ်လို့သိရကြောင်း၊ တက္ကသိုလ်ဖွင့်လှစ်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ (၁၅၁၈)ဦးနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ (၆၂၁)ဦး၊ ဒီပလိုမာ ကျောင်းသား၊ ကျောင်းသူ (၁၀၀၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၄၆)ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပထမဦးစွာ တက္ကသိုလ်တည်ထောင်ခဲ့သည့် (၄.၉.၂၀၀၀)ရက်နေ့မှ ယနေ့ အထိ (၂၅)နှစ်တာကာလအတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ တာဝန်ထမ်းဆောင် ခဲ့ကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကိုလည်း ချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း၊ ငွေရတု အထိမ်းအမှတ်နေ့သည် တက္ကသိုလ်၏ သမိုင်းကြောင်းကို သတိရ စေသလို နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စွမ်းအားသစ်၊ ခွန်အားသစ်၊ စိတ်ဓာတ် သစ်များ ပေးစွမ်းနိုင်သော အထိမ်းအမှတ်နေ့လဲဖြစ်ပါကြောင်း၊ ICT ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ICT Project Competi tion &Show ပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်ကနေ နှစ်စဉ်ကျင်းပြုလုပ်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်ဟာ ဆိုရင် (၆)ကြိမ်မြောက်ဖြစ်တယ်လို့ သိရကြောင်း၊ ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ ကဏ္ဍဟာ နိုင်ငံဖွံဖြိုး တိုးတက်ဖို့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ခေတ်နှင့် အညီပြောင်းလဲလာသည့် ဒီဂျစ်တယ် နည်းပညာများကြောင့် လူမှုစီးပွားဘဝများအပေါ်များစွာ အကျိုးသက်ရောက်မှုရှိလာတဲ့အတွက် ICT ကဏ္ဍများမှာ နည်းပညာနှင့်ကျွမ်းကျင်မှု လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုလိုအပ်လာမှာဖြစ်ပါ ကြောင်း၊ ICT နည်းပညာရဲ့ အရေးကြီးမှုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ICT နည်းပညာကဏ္ဍတွေမှာ ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်စွမ်းဆောင်နိုင်မှုများနှင့် အကျိုး ရလဒ်များ ဒီဂျစ်တယ် နည်းပညာနှင့် ပတ်သက် ပြီး လုံခြုံစိတ်ချရတဲ့ လူမှုကွန်ယက်ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြဖို့ အကြံပြုတိုက်တွန်းလိုပါကြောင်း၊ Project Competition &Show များကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း Teamwork, Collaboration စွမ်းရည်များပိုမိုကောင်းမွန် လာနိုင်သလို ယှဉ်ပြိုင်လိုစိတ်၊ အောင်မြင်ချင်စိတ်၊ Motivation တို့ကို ပိုမိုမြှင့်တင်ပေးရာရောက်ပါ ကြောင်း၊The 6th ICT Project Competition & Show, 2025” ပွဲဟာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့သာမက လက်တွေ့ဆောင်ရွက်မှုပါပြသတဲ့ ပွဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဒီဂျစ်တယ်စနစ် အသုံးချခြင်းဖြင့် ICT နည်းပညာကဏ္ဍ တိုးတက်မှုသည် နာရီတိုင်း၊ မိနစ်တိုင်း တိုးတက်မှုရှိနေပြီး Project Show ပွဲများ ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် နည်းပညာ၊ အတွေးအခေါ်၊ တင်ပြမှု၊ အသင်းအဖွဲ့အလိုက် စွမ်းဆောင်မှုတို့ကို ဖော်ပြတဲ့ပွဲလေးဖြစ်တဲ့အတွက် နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား ဆောင်ရွက်မှုတွေကို ထုတ်ဖော်ပြသ ကျင်းပပေးဖို့လဲ လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်း က (၂၅)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည် ငွေရတု အခမ်းအနားနှင့် (၆)ကြိမ်မြောက် သတင်းအချက် အလက်နှင့် နည်းပညာ ပရောဂျက်ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ (၂၅)နှစ်ပြည့် တက္ကသိုလ် နှစ်ပတ်လည် ငွေရတုပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသည့် အဖွဲ့အစည်းများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်(မကွေး)ကျောင်းသား၊ ကျောင်းသူများက လောက အားမာန် တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များက ကွန်ပျူတာတက္ကသိုလ် (မကွေး) ပြိုင်ပွဲဝင် Project များကို လှည့်လည် အားပေးကြည့်ရှုခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(မကွေး) The 6th ICT Project Competition & Show, 2025” အခမ်းအနားတွင် အမှတ်ပေးစည်းမျဉ်းများ ဖတ်ကြားခြင်း၊ ပြိုင်ပွဲများကျင်းပကာ အကဲဖြတ်အမှတ် ပေးခြင်း၊ ပြိုင်ပွဲဝင်အသင်းများ ရရှိထားသော Voting များရေတွက်ခြင်း၊ ဂုဏ်ပြုကတ်များပေးအပ် ခြင်းနှင့် ဆုရရှိသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။