မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ယာမြေများကို လယ်မြေများအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ယာမြေများကို လယ်မြေများအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး   စက်တင်ဘာ    ၅

            မကွေးမြို့မှ ရေနံချောင်းမြို့အထိ မြစ်ရေတင်လုပ်ငန်းများ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဘေး တစ်လျှောက်တွင် ဆိုလာစနစ်သုံး ဆောင်ရွက်ပြီး ယာမှ လယ်ပြောင်းစနစ်ဖြင့် စပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ရာ ၊ ယာမြေများကို လယ်မြေများအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့မှ ရေနံချောင်း မြို့အထိ မြစ်ရေတင်လုပ်ငန်းများ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဘေး တစ်လျှောက်တွင် ဆိုလာစနစ် သုံးဆောင်ရွက်ပြီး ယာမှ လယ်ပြောင်းစနစ်ဖြင့် စပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပုံပေါ်တွင်လေ့လာမှုအရ (Map Study) လုပ်ငန်းနေရာ(၅)ခု အကျိုးပြုဧရိယာ(၃၄၅၀)ဧက ရှိပါကြောင်း၊ မကွေး၊ ရေနံချောင်း၊ ချောက် လမ်းတစ်လျှောက်ရှိ သီးနှံစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် ကျန်ရှိသည့် လယ်လှပ်မြေ၊ ယာလုပ်မြေနှင့် ကျန်အခြား မြေများအနက် ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက် ကျေးရွာအနီးတွင် ဆိုလာစိုက်ပျိုးရေတွင်းတူးဖော်၍ လည်းကောင်း၊ ဆိုလာရေတင်ဆောင်ရွက်၍ လည်းကောင်း ဆောင်ရွက်နိုင်မည့်ဧရိယာ (၁၀၀)ဧက၊ ချောက် မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် ဧရာဝတီမြစ်မှ မြစ်ရေတင်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် ဧရိယာ (၄၆၅၀) ဧက၊ စုစုပေါင်း (၄၇၅၀)ဧကကို စပါးစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်းဖြင့် ဒေသဝမ်းစာ ဖူလုံ၍ တောင်သူများ၏ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မကွေးရေနံချောင်းချောက်လမ်းဘေးတစ်လျှောက်ရှိ ယာပျက်များအား လယ်မြေအဖြစ် ပြောင်းလဲ ဆောင်ရွက်ကာ စပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိနိုင်မှုအနေဖြင့် ရေတင်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေနည်းလမ်းဖြင့် ဆောင်ရွက်ရရှိနိုင်သည့် အလားအလာ မရှိသဖြင့် ဧရာဝတီမြစ်ဘေး တစ်လျှောက် ဆိုလာမြစ်ရေတင်ဆောင်ရွက်ရန် ရရှိနိုင်သည့် ဧရိယာအတွင်းရှိသည့် ကျေးရွာအုပ်စု အလိုက်၊ ကွင်းအလိုက် ယာပျက်မြေများဖော်ထုတ်ပြီး လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်ကာ စပါးစိုက်ပျိုးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ချောက်ခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဧရာဝတီမြစ်မှ နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေ အနေ မြေပုံပေါ်တွင် စူးစမ်းလေ့လာတွေ့ရှိမှု(Map Study)အရ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း ကောင်းမွန်ပြီး ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ရရှိ နိုင်ကြောင်း၊ ရေတင်အမြင့်ပေ (၂၃၅)ပေ၊ ရေတင်ရမည့် အကွာအဝေး (၁၇၀၀၀)ပေ၊ အကျိုးပြုနိုင်မည့်ဧရိယာ (၁၂၀၀)ဧကနှင့် အကျိုးပြုနိုင်မည့် ကျေးရွာ(၄)ရွာ ရှိပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ရေရရှိရေး ဆောင်ရွက်၍ ယာမြေများအား လယ်မြေအဖြစ်ပြောင်းလဲပြီး စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ အထွက်ကောင်း၊ မျိုးကောင်း မျိုးသန့်များ သုံးစွဲရေး သီးနှံပုံစံအလိုက်စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်ရေး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ လုပ်ငန်းကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှု တို့ဖြင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

            ဆက်လက်၍ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း