မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်း အဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်း အဝေးသို့ တက်ရောက်

မကွေး စက်တင်ဘာ ၂၄

          မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ စီးပွား ရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် ခရီးစဉ်ဒေသ Tourist Site ဖြစ်စေရေး၊ ဝင်ငွေရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတော်၏ ရည်မှန်းချက် ပန်းတိုင် များနှင့်အတူ ကြိုးစားဆောင်ရွက် လျက်ရှိရာမှာ ခရီးသွား ကဏ္ဍဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသဟာ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့တင်စား ပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်တာနဲ့ အညီ ဒေသရဲ့ အဓိကထွက်ကုန်တစ်ခု ဖြစ်တဲ့ ဆီထွက်သီးနှံကို နိုင်ငံခြားဝင်ငွေ Export များများရရှိအောင် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ထို့အတူ ခရီးသွားလုပ်ငန်းဟာလည်း အဓိကနိုင်ငံခြား ခရီးသွားများလာရောက်ပြီး ဝင်ငွေတိုးတက်ရရှိဖို့ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး စာရင်းအင်းဆိုင်ရာ အချက်အလက် ၂၀၂၄ ခုနှစ်အရ မကွေး တိုင်းမှာ စုစုပေါင်းကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် လယ်ယာကဏ္ဍ ၂၃.၈%၊ စက်မှု ကဏ္ဍ ၃၈.၃%နှင့် ဝန်ဆောင်မှုကဏ္ဍ ၃၇.၉% ရှိပါကြောင်း၊ ခရီးသွား လုပ်ငန်းအပါအဝင် ဝန်ဆောင်မှု ကဏ္ဍမှာ ၂၀၂၄ ဘဏ္ဍာနှစ်မှာ ၉.၄ % တိုးတက်လာတာကို တွေ့ရှိရပြီး၊ ယခုနှစ်၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပြည်တွင်း ဧည့်သည်တည်းခိုမှု (၉၉၆၉၉)ဦး၊ ပြည်ပ(၂၂၆၆)ဦး၊ စုစုပေါင်း (၁၀၁၉၆၅)ဦးနှင့် ဝင်ငွေကျပ်သန်း(၁၇၈၆.၁)ရရှိသဖြင့် ယခင်နှစ် အလားတူ ကာလထက် ဝင်ငွေကျပ် သန်း(၃၇၈.၉)ပိုမိုရရှိသဖြင့်(၂၇)% တိုးတက်မှုကိုလည်း တွေ့ရှိရပါကြောင်း၊ ဒီလို တိုးတက်လာတာကလည်း တိုင်းဒေသကြီးကို စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး အစရှိတဲ့ကိစ္စများနှင့် လာရောက်တာအပြင် မိသားစုဘုရားဖူးပြည်တွင်းခရီးသွားများ တိုးတက်မှုကြောင့်ဖြစ်ကြောင်း၊ ပြည်ပခရီးသွား အနေဖြင့် တည်းခိုနေထိုင်မှု(၂၂၆၆)ဦးမှာ တရုတ် နှင့် ထိုင်းဧည့်သည်တို့ အများဆုံး ဝင်ရောက် တာတွေ့ရကြောင်း၊ ဒါကြောင့်မို့ ဒီနှစ်နိုင်ငံကို အဓိက ဈေးကွက် အနေဖြင့် Promotion တွေလည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခုလစက်တင်ဘာလ (၂၇)ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၂၅ ခုနှစ်ကို မလေးရှားနိုင်ငံ၊ မာလကာမြို့မှာကျင်းပသွားမှာဖြစ်ပြီး၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် UNWTO မှ ဦးစီးကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ် ကတော့ Tourism and Transformation “ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ်ဖော် ဆောင်စို့” ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်ဖို့ဆောင်ရွက်ရာမှာ သုတေသနစာတမ်းများ အရ ခရီးသွားများ ထပ်ခါ ထပ်ခါ လာရောက်စေရန်နှင့် ရက်ရှည်ပိုမိုနေထိုင်စေဖို့ သွားလာ ရေးလွယ် ကူ၍ လုံခြုံစိတ်ချမှုရှိခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အလှအပများ ပေါကြွယ် ခြင်း၊ ဒေသရဲ့တည်းခိုနေထိုင်မှု အစားအသောက်၊ လှုပ်ရှားမှုပွဲတော်များ၊ ထူးခြားဆန်းကြယ်၍ ကြည့်ရှု့လည်ပတ်စရာ နေရာများပြားခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်မို့ ခရီးစဉ်ဒေသ စီမံ ခန့်ခွဲသူများ အနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် လစဉ်ပူးပေါင်း မြှင့်တင်ဆောင်ရွက်ကြဖို့ လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ခရီးသွားအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်ဒေသ အသီးသီးသို့ ဧည့်သည်အများအပြား ဝင်ရောက်မှုရှိစေရေး၊ ခရီးသွားများ လုံခြုံ စိတ်ချစွာသွားလာနိုင်ရေးတို့ကို ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ကော်မတီဝင်များ၏ ပူးပေါင်းဆောင် ရွက်မှုတို့ဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။

          ဆက်လက်ပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက(၃/၂၀၂၅)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ၊ မကွေးတိုင်းဒေသကြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း