မကွေး ဧပြီ ၂၁
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦးသည် မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊မကွေးခရိုင်ရဲတပ်မှူး ယာယီဒုတိယရဲမှူးကြီး မြင့်ဆွေဦးတို့နှင့်အတူ တိုင်း ကျေးလက်လမ်းဦးစီးမှူး ဦးသိန်းစန်းလှိုင်၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး ဦးစောမင်းထွန်းနှင့် ချောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့ လိုက်ပါကာ ဧပြီလ ၂၁ ရက်နံနက် ၉ နာရီအချိန်က ချောက်မြို့နယ် သန်းပင်တောင်ကျေးရွာမှ မြေစွန်းကျေးရွာအုပ်စု နလင်ကန်ကျေးရွာအထိ ဖောက်လုပ် ထားသည့် မြေသားလမ်းနှင့် စွယ်ပေါက္ကံကျေးရွာ ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူး ဦးသိန်းစန်းလှိုင်၊ နှင့် ခရိုင်ကျေးလက်လမ်းဦးစီးမှူး ဦးစောမင်းထွန်းက လုပ်ငန်းဆောင်ရွက်မှုထားရှိမှု အခြေအနေများ ကိုရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးမင်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
#ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦးနှင့် အဖွဲ့ သည် နံနက် ၁၁ နာရီအချိန်တွင် ချောက်မြို့နယ်ထွေ/အုပ်ရုံးသို့ ရောက်ရှိခဲ့ပြီး၊ အဆိုပါရုံး အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံ ရေး ပါဝင်ပတ်သက်မှုများ ကင်းရှင်းစေရေး၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး များ လုံခြုံရေးသတိရှိစေရေး၊ ဌာနဆိုင်ရာ အချင်းချင်း သတင်းရရှိမှုများ ဖလှယ်ရန်နှင့် သတင်းလက်ဦး မှုများရရှိပြီး ရပ်ကွက်/ကျေးရွာများထိ သတင်းပေးများနှင့် ချိတ်ဆက်ထားရှိရေး၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းများအမြန်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးမှ ဆရာ/ဆရာမများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ CDM ပြုလုပ်သွားသည့် ဝန်ထမ်းများအား မိမိတို့ သက်ဆိုင်ရာဌာန များအလိုက် လုပ်ငန်းတာဝန်များတွင် ဝင်ရောက်နိုင်ရန်နှင့် မိမိ လက်အောက်ငယ်သားများအား ပြန်လည်စည်းရုံးခေါ်ဆောင်နိုင်စေရေးတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
#ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦး သည် မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်ထူး လိုက်ပါလျက် နေ့လယ်၂ နာရီအချိန်တွင် မကွေး အကျဉ်းထောင်သို့ ရောက်ရှိပြီး၊ မကွေးအကျဉ်းဦးစီး ဗဟိုကင်းအား မကွေးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ရွှေနှင့် ထောင်ပိုင်ကြီး ဦးသိန်းသန်းဦးတို့က လိုက်လံရှင်းလင်းတင်ပြရာ ဗိုလ်မှူးကြီးမင်းဦးက ဗဟိုကင်းအား စစ်ဆေးခဲ့မှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။