မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

ပခုက္ကူ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်သည် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်က တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အကြောင်း တို့ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်အတွင်းရှိ ပခုက္ကူ၊ရေစကြို၊မြိုင်၊ ပေါက် နှင့်ဆိပ်ဖြူ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်သည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာနှင့် စောင့်ကြည့်ရေးစင်တာများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ နေ့စဉ် RDT Test Kit ဖြင့် စစ်ဆေး ပြီး ရောဂါပိုးတွေ့သည့်အခြေအနေများ၊ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်မှု အခြေအနေ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး နေမှုအခြေအနေ၊ မြို့နယ်အလိုက် ရောဂါပိုးတွေ့ရှိမှုအပေါ်မူတည်၍ ကန့်သတ်ထုတ်ပြန်ထားသည့် အမိန့်များ စသည်တို့ကိုလည်းကောင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်နိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေမှုနှင့် ရောဂါပိုးတွေ့ လူနာများ ထားရှိမှုအခြေအနေကို လည်းကောင်း၊ ခရိုင်နှင့်မြို့နယ်အတွင်းက စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် သေဆုံးလူနာများအား ပို့ဆောင်သွားလာရာတွင် အခက်အခဲများနှင့် လိုအပ်ချက်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂)က ပြည်သူများ ရောဂါပိုးကူးစက်မှုလျော့နည်းစေရေး အသိပညာပေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ၊ ရောဂါပိုးရှိ/မရှိစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆက်လက် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအချိန်နှင့်တပြေးညီ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်တင်ပြ တောင်းခံကြရန် ပြန်လည်ရှင်းလင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်က Mask (၄၀၀၀)ဘူး၊ PPE(၇၀)စုံ၊ Hand Gel (၁၀)ဘူးစီနှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ဆက်လက်ဝယ်ယူနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပခုက္ကူမြို့နယ် အတွက် ငွေကျပ်သိန်း(၁၀၀)၊ ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်များအတွက် ငွေကျပ် (၇၅) သိန်းစီနှင့် ဆိပ်ဖြူမြို့နယ်အတွက် ငွေကျပ်သိန်း(၅၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများထံ ထောက်ပံ့ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်သည် အမှတ်(၄) စက်မှုသင်တန်း ကျောင်းရှိ ကိုဗစ်-၁၉ရောဂါစောင့်ကြည့်ရေးစခန်းနှင့် ပညာရေး ဒီဂရီကောလိပ်ရှိ စောင့်ကြည့်ရေးစခန်း ပြင်ဆင်ထားရှိမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း