မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် စပါးစိုက်တောင်သူများ၊ ဆန်ရောင်း ဝယ်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် စပါးစိုက်တောင်သူများ၊ ဆန်ရောင်း ဝယ်သူများနှင့်တွေ့ဆုံ

ဩဂုတ် ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာရှိ သိမ်ကုန်းရှေ့တန်းစခန်းသို့ ရောက်ရှိပြီး စပါးစိုက်တောင်သူများ၊ ဆန်ရောင်း ဝယ်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက လက်ရှိရာသီဥတု ကောင်းမွန်နေသဖြင့် ယခင်နှစ်ထက် မလျှော့ကျစေဘဲ စိုက်ဧက အထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ မင်းဘူးမြို့နယ်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်ရန် ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တောင်သူများမှ စိုက်ပျိုးသီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးရန် တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း