မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် ပန်းခင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် ပန်းခင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်

မင်းဘူး စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စကုမြို့ အမှတ် (၁၀) ခြေလျင်တပ်ရင်းနှင့် ကန်ရေကျေးရွာတို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်နေသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့် အမှာစကားပြောကြားရာ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အသီးသီးတွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးနေကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ် လိုအပ်သည့်အတွက် ယခုလို ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက စကုမြို့ အမှတ်(၁၀)ခြေလျင် တပ်ရင်းရှိ သူရဝေဒေါင်းခန်းမ၌ တပ်တွင်းမိသားစုများ၊ ပင်လယ်သက်ကျေးရွာနှင့် လက်ပံတောကျေးရွာ တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ (၅၅)ဦးနှင့် ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သာသနာ့ရက္ခိတဓမ္မာရုံ၌ ကျေးရွာအတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ (၇၂)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ရွာမကန်ကျေးရွာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံမိဘပြည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပန်းခင်း စီးမံချက်နှင့်ပတ်သက်၍ ဆွေးနွေးပြေားကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း