မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးတက္ကသိုလ် နည်းပြ/သရုပ်ပြဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးတက္ကသိုလ် နည်းပြ/သရုပ်ပြဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၈

မကွေးတက္ကသိုလ်တွင် ခန့်အပ်ထားသည့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက် ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အသစ်ခန့်အပ်သည့် နည်းပြ/သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဆင့်မြင့်ပညာ ဦးစီးဌာန၏ နည်းပြ/သရုပ်ပြခန့်ထားတဲ့ အမိန့်စာအရ မကွေးတက္ကသိုလ် စာစစ်ဌာနမှ ဖြေဆိုသူများ အားလုံး ခန့်အပ်သည့်အတွက် မကွေးတိုင်းအတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ မျက်မှောက်ကာလ ဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်အတွက် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သစ်လွင်ဆရာ/ဆရာမ များအနေနဲ့ ကြိုးစားရမှာဖြစ်ကြောင်း၊ မိမိကိုယ် တိုင်က အမြဲတမ်းလေ့လာသင်ယူသူဖြစ်မှသာ အရည်အချင်းမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ် များနှင့် ဒေသအလိုက် လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ်များကို ပြန်လည်မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ ဆရာ/ ဆရာမများ၏ ကြိုးပမ်းအားထုတ်မှု၊ ဉာဏ်ပညာကြွယ်ဝမှုတိုဟာ အရေးကြီးပါကြောင်း ပြောကြား သည်။

ဆက်လက်၍ မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဦးက နည်းပြ/သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်သပြီး ယနေ့ အခမ်းအနာကို တက်ရောက် လာတဲ့ နည်းပြ/သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များကတော့ စုစုပေါင်း (၉၀) ဦး ရှိပြီး ဆရာဘဝကို ရောက်ရှိလာမည့်သူများဟာ ဆရာဘဝရဲ့ အဓိကလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဘို့အတွက် သင်တန်းမှာ စီမံ/ဘဏ္ဍာ/ သင်တန်းရေးရာ လုပ်ငန်းဆိုင်ရာများ၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးများ၊ ပညာရေးသီအိုရီ၊ ပညာရေး စိတ်ပညာ၊ သင်ကြားနည်း စသည့်ပညာရေးဆိုင်ရာဘာသာရပ်များ၊ အခြားဘာသာရပ်များနှင့် ပေါင်းစပ်နှီးနွယ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသအကျိုးပြုနှင့် နိုင်ငံအကျိုးပြု ဆောင်ရွက်နိုင်မည့် သုတေသနလုပ်ငန်း များနှင့် ပတ်သက်ပြီး သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းမှာ ပို့ချတဲ့ ပညာရပ်တွေကို အလေးအနက်ထား သင်ယူပြီး လက်တွေ့ဘဝနယ်ပယ်မှာ ပြန်လည်အသုံးချရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ဒုတိယ ပါမောက္ခ ချုပ်နှင့် ပါမောက္ခချုပ်များ၊နည်းပြ/သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

 

 

နောက်ဆုံးရ သတင်း