မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးဂုဏ်ထူးဆောင် လက်မှတ်များနှင့်ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ပဏာမစိစစ်ခြင်း အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးဂုဏ်ထူးဆောင် လက်မှတ်များနှင့်ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ပဏာမစိစစ်ခြင်း အစည်းအဝေး တက်ရောက်

နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဂုဏ်ထူးဆောင် လက်မှတ်များနှင့်ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ပဏာမစိစစ်ခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့် အပ်နှင်းနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သူများ၊သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသူများ၊ ပရဟိတလုပ်ငန်းများမှာ ရှေ့ဆောင်ရှေ့ရွက်ပြု၍ ထူးချွန်စွာ ဆောင်ရွက်သူများ၊ ထူးချွန်အောင်မြင်စွာ စွန့်ဦးတည်ထွင်နိုင်သူများ၊စာပေ၊ဂီတ၊အနုသုခုမပညာရပ်များတွင် တိုင်းဒေသ ကြီးဂုဏ်ကို ဆောင်နိုင်သူများ၊ လူမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ထူးချွန်စွာ ဆောင်ရွက် သူများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများအား သက်စွန့်ကျိုးပမ်းကူညီ စောင့် ရှောက်သူများ ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို စွန့်လွှတ် စွန့်စား ကာကွယ် စောင့်ရှောက် သူများ၊ စိုက်ပျိုးရေးမွေးမြူရေး စသည့် ကုန်ထုတ်လုပ်ငန်းများမှာ ထူးးချွန်အောင်မြင်စွာ ဆောင်ရွက်သူ များ၊ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ကာယပညာတွင် ထူးချွန်ပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်သူများနှင့် ထူးချွန်သူများ ထွက်ပေါ်လာအောင် ဆောင်ရွက်သူများ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး နှင့် ပတ်သက်၍ တိုင်းဂုဏ်ဆောင်နိုင်သူများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများမှာ စွမ်းစွမ်းတမံ ဆောင်ရွက်သူများ၊ အကျင့်စာရိတ္တ နှင့် ပတ်သက်၍ အများပြည်သူ စံနမူနာ ယူထိုက်သူများကို စိစစ်ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်လင်း(စိစစ်ရေးကော်မတီ ဥက္ကဌ)က တိုင်းဒေသကြီးဂုဏ်ထူးဆောင် လက်မှတ်များ နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက အကြံပြုဆွေးနွေး တင်ပြမှုများ ဆောင်ရွက်ရွက်ခဲ့ပြီး၊ ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရ သတင်း